Final

467 75 41
                                    

Unicode

"ရှင်က ဒို့ထင်တာထက်တောင်ပိုပြီးမျက်နှာအ​ေရထူတာပဲကိုး"

ရှမင်ယွဲ့ရဲ့ခနဲ့တဲ့တဲ့စကားဆုံးတော့ မျက်စိရှေ့က အမျိုးသမီးက ခပ်ဖျော့ဖျော့သာ ပြုံးပြလာပြီး တခြားဘာစကားတစ်ခွန်းတစ်လေမျှ ဆိုမလာခဲ့။ သိသိသာသာ ပိန်ကျသွားတဲ့ ထိုအမျိုးသမီးရဲ့ပျော့နွဲ့နွဲ့ခန္ဓာကိုယ်ဟာ သူမဝတ်ဆင်ထားတဲ့ အဖြူရောင်ဝတ်စုံကြောင့် ပိုလို့ပင် အားပျက်ကာဖျော့တော့နေသယောင် ဖြစ်နေခဲ့ပေမဲ့လဲ ရှမင်ယွဲ့ရဲ့မျက်လုံးထဲမှာတော့ သူမဟာ အရှက်မရှိတဲ့အရေထူထူမိန်းမတစ်ယောက်သာ...။

ခဏကြာပြီးတဲ့​နောက်မှာ ရှဲ ့ဝမ်ယွီက တိုးလျလျလေသံတစ်ခုနဲ့အတူ ရှမင်ယွဲ့ထံ စကားပြန်လာခဲ့သည်။

"ကျွန်မက ကုန်းကျွင့်ကို ဂုဏ်ပြုပေးဖို့လာခဲ့တာပါ...မနက်က မဂ်လာပွဲမှာရော အခုရော ကျွန်မပွဲထဲရှိနေခဲ့ပေမဲ့ သူတို့နှစ်ယောက်ရှေ့ကို ကျွန်မ မျက်နှာထွက်မပြရဲခဲ့ဘူး...ကြည့်ရတာ ရှင်ပြောသလောက်တော့ ကျွန်မက မျက်နှာအရေမထူသေးဘူးထင်ပါရဲ့"

ရှမင်ယွဲ့က ဟွန့်ခနဲလေသံပြုကာ မထီမဲ့မြင်မျက်နှာဖြင့် သူမထံမှ အကြည့်တို့ကို တစ်ဖက်ဆီပို့လိုက်၏။ ရှက်ရွံ့စိတ်နည်းနည်းလေးတောင် ရှိမနေပါသည့် ရှဲ ့ဝမ်ယွီလိုလူမျိုးနဲ့ စကားဆက်ပြောချင်စိတ်မရှိတော့တာမို့ ရှမင်ယွဲ့က သူမနဲ့ဝေးရာဆီ လှည့်ထွက်ရန်ပြင်လိုက်စဥ် တစ်ဖက်က စကားသံကိုကြားလိုက်ရသည်။

"ကံကောင်းလိုက်တာနော်"

"ရှင် ဘာပြောချင်တာလဲ?"

"ကျယ်ဟန့်ကောကိုပြောတာပါ ကံကောင်းလိုက်တာလို့...ခုနကလေးတင် ကုန်းကျွင့်ရဲ့အစီအစဥ်အကြောင်းပြောနေကြတာကြားမိလိုက်တယ်...ကြည့်ရတာ ကျယ်ဟန့်ကောကလွဲရင် ဒီမှာရှိနေတဲ့လူတိုင်း အဲဒီ့အစီအစဥ်ကိုသိထားကြတာထင်တယ်...စီစဥ်ထားတာလေးက တကယ်ကြည်နူးစရာလေးနော်...ကျယ်ဟန့်ကောနေရာမှာ ကျွန်မသာဆို ပျော်လွန်းလို့မျက်ရည်တောင်ကျလောက်မယ်ထင်တယ်"

"ဘာဖြစ်နေနေ   ရှင်လိုက်ပြီးဂရုစိုက်​နေရမယ့်ကိစ္စမဟုတ်ဘူး...နောက်ပြီးတော့ ပြောရဦးမယ် ဒို့ထင်တာ ရှင်ကဒီပွဲကိုမဖိတ်ဘဲလာခဲ့တာထင်တယ်...ရှင်နည်းနည်းလေးတောင်မရှက်မိဘူးလား"

Melt In Your Smile (Completed)Where stories live. Discover now