Part-16

420 97 12
                                    

Unicode

အလုပ်စားပွဲနောက်ကထိုင်ခုံပေါ်ထိုင်ချ
လိုက်ရင်း ခပ်နောက်နောက်ဖြစ်နေတဲ့
ခေါင်းကိုသက်သာလို့သက်သာငြား
လက်သွယ်သွယ်တွေနဲ့နှိပ်နယ်နေမိ
သည်။ ညနေဘက်ကျရင်လဲ censorရုံးကိုသွားရဖို့ရှိသေးသည်မို့ လန်းလန်း
ဆန်းဆန်းဖြစ်အောင် ကော်ဖီတစ်ခွက်သောက်လိုက်ဖို့ဆုံးဖြတ်လိုက်ရင်း နေ
ရာကနေပြန်ထလိုက်တော့ ကွက်တိဆိုသလို တံခါးဆီကနေ တဒေါက်ဒေါက် ခေါက်သံမြည်လာခဲ့၏။

"ဝင်ခဲ့"

တံခါးအနောက်ကဝင်လာတာက သူ့ရဲ့
တစ်ဦးတည်းသော ချစ်ရသူ ကျန်းကျယ်ဟန့်..။

"băo(ပေါင်)?..ကိုယ့်ဆီလာတယ်လား"

ကုန်းကျွင့်က အလုပ်ခုံဆီကနေထွက်လိုက်ပြီး အရှေ့ဘက်ကဆိုဖာတွေဆီ
လျှောက်လာလိုက်သည်။ နှစ်ယောက်
သာ ထိုင်စရာရှိတာထိုင်လိုက်ကြပြီး
နောက် ကျန်းကျယ်ဟန့်က ပူပန်နေသယောင်မျက်နှာထားနဲ့ တစ်စုံတစ်ခုကို ချီတုံချတုံဖြစ်နေပြီးခါမှ နောက်ဆုံးစကားဆိုလာတော့သည်။

"bossရဲ့မျက်နှာအရောင်က သိပ်မကောင်းလို့ နေများမကောင်းဘူးလားဆိုပြီး လာကြည့်တာပါ"

ကုန်းကျွင့် နေမကောင်းဖြစ်ခဲ့လျှင် တရားခံက သူသာဖြစ်လိမ့်မည်။ အဘယ့်ကြောင့်ဆိုသော် မနေ့က ဝိုင်စွန်းတဲ့
အက်ျီကို အောက်နားလေးပဲအစွန်းချွတ်
မယ်ဆိုပြီးလုပ်ရာကနေ..တစ်ထည်လုံး
နီးပါးရွှဲစိုခဲ့တဲ့အပြင် အဲဒီ့မစိုမခြောက်
အနေအထားအတိုင်းကြီးကို ကုန်းကျွင့်
က ပြန်ဝတ်ခဲ့ရသည်မို့ပင်။ အပေါ်ပိုင်း
ဗလာနဲ့နေခဲ့ရတာရော၊ စိုစွတ်စွတ်အက်ျီ
ကိုဝတ်ထားခဲ့ရတာရောကြောင့် မတုိင်
မီက အစည်းအဝေးမှာထဲက မျက်နှာဖြူရော်ရော်ဖြစ်နေတဲ့ကုန်းကျွင့်ဆီကိုပဲ ကျန်းကျယ်ဟန့်က အာရုံရောက်နေခဲ့မိပါ၏။

"ဟုတ်လား..ခေါင်းတော့နည်းနည်းကိုက်နေတယ် နေမကောင်းတာလားဘာလားတော့မပြောတတ်ဘူး..ကိုယ့်ကို băo(ပေါင်)ပဲ စမ်းကြည့်ပေးလေ..အင့်  စမ်းကြည့်ပါဦး"

ကုန်းကျွင့်က သူ့ရဲ့မျက်နှာကို ကျန်းကျယ်ဟန့်ရှေ့ 'အင့်'ခနဲ အသံပြုကာ
တိုးပေးလာပါ၏။ ခပ်ပြုံးပြုံးအနေ
အထားနဲ့ မျက်လုံးတွေကိုလဲမှိတ်ချ
ထားရင်း ကျန်းကျယ်ဟန့်ဆီကနေ ဂရုစိုက်ခံရရန် အပြင်းအထန်ကြိုးပမ်းလို့နေသည်။

Melt In Your Smile (Completed)Dove le storie prendono vita. Scoprilo ora