Part (14)

17.8K 1.5K 32
                                    

Unicode

ပထမအပိုင်းပြသပြီး နောက်တစ်ပတ်တွင်
second stage ရှိသည်။

Second stageသည် public stageဖြစ်တာကြောင့် fanများပါ အားပေးခွင့်ရမည်ဖြစ်သည်။

ရှင်းတို့ Traineeအားလုံးလည်း fanတွေ
ရှေ့မှာ ပထမဆုံး ဖျော်ဖြေရမည်ဖြစ်တာကြောင့် စိတ်လှုပ်ရှားနေကြသည်။

အဆိုးဆုံးကတော့ ဝေလင်းပင် ....

လုံချင်လာမည်ဟုကြားပြီးထဲက
သူ့မျက်နှာ ကြည့်ကောင်းရဲ့လား .....

ခန္ဓာကိုယ်ကရော အရမ်း၀လာသလား ...

ဘယ်က စကားစပြောရမလဲနဲ့
တွတ်ထိုးနေတာ ညညဆို အိပ်တောင်မရ .....

မဟုတ်လည်း အချိန်တန်ရင်
တစ်ယောက်တော့ အေးဆေးရမှာကို
သူမို့ ပျာယာခတ်နေတာ .....

မြင်ရတာ အာရုံကို နောက်နေတာပဲ .....

ရှင်းဆို အိပ်လိုက်စားလိုက် လေ့ကျင့်လိုက်နဲ့
ဝေလင်းလို စပ်စလူးထချိန်တောင်မရ ....

ကလင် လင် ~ ~ ~ က လင် လင်

ရေချိုးပြီးခါစတွင် Traineeခေါ်သည့်
ဘဲလ်မည်လာတာကြောင့် အကုန်လုံး
၀ရုန်းသုန်းကားနှင့် ခန်းမမှာ စုကြရသည်။

နားချိန်တွင် ခေါ်တာမို့ Traineeတွေ
အားလုံး စိတ်ပျက်လက်ပျက်နှင့် တစ်ယောက်တစ်ပေါက်ဆူညံနေကြသည်။

ထိုအထဲတွင်ရှင်းလည်းအပါအ၀င်ဖြစ်သည်။

" ကြည့်ပါဦးဝေလင်းရာ ဆံပင်တောင်
ရေမသုတ်လိုက်ရဘူး "

ရေစက်လက်ကျနေသော ရှေ့ဆံပင်ကို
ဆွဲဖွကာ ပြောလိုက်မိသည်။

" ရေအစိုကြီး ငပိုင်ရာ
နည်းနည်းဖြစ်ဖြစ်တော့ သုတ်ခဲ့ရမှာကို "

ဝေလင်းက ရှင်းဆံပင်တွေကို ဖွကာ
ရေခါကူရင်း အဖွားကြီးလေသံ ပြောလာသည်။

" ဘဲလ်ကမြည်လာတာလေ ...
ငါလည်းနောက်ကျမှာစိုးလို့ အတင်းပြေးလာတာ "

" အခန်းပြန်ရောက်ရင် ဆေးကြိုသောက် ...
ဖျားနေမယ် "

" အေးပါကွာ .... "

ခနနေတော့ ခရာမှုတ်သံကြောင့်
အကုန်လုံးငြိမ်ကျသွားသည်။

The Romance of Two Stars 🚨🚨🚨 ( Complete)Nơi câu chuyện tồn tại. Hãy khám phá bây giờ