Unicode
" သားငယ် ရိုက်ကူးရေးပြီးဖို့
အချိန်ဘယ်လောက်လိုသေးလဲ .... "" ရက် ၂၀ ... ပါပါး "
ရိ၀မ်ရဲ့ စကားကိုကြားတော့
ကျန်းသခင်ကြီးက တစ်စုံတစ်ခုကို တွေးတောဟန်နှင့် ၀ိုင်ခွက်ကို ကိုင်ပြီး
ခေါင်းတဆတ်ဆတ်ငြိမ့်သည်။အမဖြစ်သူ လုမိန်လည်း
ပေကျင်းပြန်ရောက်နေတာမို့
ပါပါးက အရေးကြီးကိစ္စရှိသည်ဟု
ပြောတာကြောင့် ရိ၀မ်လည်း
ရိုက်ကူးရေးပြီးတာနဲ့ ပေကျင်းကို
တန်းလာခဲ့ခြင်းပင်။လုပ်ငန်းကိုယ်စီနဲ့ အတူဆုံချိန်
နည်းပါးကြပေမယ့် ရိ၀မ်တို့ သားဖတွေရဲ့ စကား၀ိုင်းအေးစက်မနေပဲအခက်အခဲတွေ ဝေမျှရင်းနွေးထွေးလျက်ရှိသည်။" မိန်မိန်ရော ...
ဘယ်တော့လောက် LAကိုပြန်မှာလဲ .... "" တစ်ပတ်လောက်နေရင် ပြန်မှာ ပါပါး ....
မိန်က LAမှာပိုအဆင်ပြေလို့ အဲ့မှာပဲ
အခြေချတော့မယ် ..... "" မမ .... နင်က ပါပါးကို တစ်ယောက်ထဲ
ထားခဲ့တော့မယ်ပေါ့ .... "" မကြာခဏပြန်လာမယ်လေ .... ၀မ်၀မ်လည်း ရှိနေတာဆိုတော့ စိတ်ချပါတယ် .... "
" အင်းပါ ... စိတ်ချ .... "
" ပါပါး ပြောစရာရှိတယ်ဆို ... "
" အင်း ... "
ကျန်းသခင်ကြီးက လုမိန်စကားကြောင့်
မျက်ခုံးပင့်ကာ လက်ထဲက ၀ိုင်ခွက်ကို ချပြီး ခါးကိုမတ်လိုက်သည်။" တစ်လအတွင်း ကျန်းလုပ်ငန်းစုကို
သားငယ်လက်ထဲ လွှဲပေးချင်တယ် .... "" ဟင် ... "
" ပါပါး .... "
" သားငယ် ရိုက်ကူးရေးပြီးတဲ့ အချိန်ပေါ့ ...
သားနဲ့ သမီးသဘောကရော .... "" မိန်က ပါပါးသဘောပါ .... "
" သမီးက ကျန်းလုပ်ငန်းစုရဲ့ တတိယ ရှယ်ယာအများဆုံးအနေနဲ့ ရှိနေလိမ့်မယ် ...
ပါပါးက ဥက္ကဌရာထူးကိုလွှဲလိုက်ပေမယ့်
ဒုတိယ ရှယ်ယာအများဆုံးယူထားတယ် "" ကောင်းပါတယ် ... မဟုတ်လည်း မိန်က
ကိုယ့်အလုပ်နဲ့ကိုယ်ဆိုတော့ ကျန်းလုပ်ငန်းစုကို ပြန်ကြည့်နိုင်မှာ မဟုတ်ဘူး ....
၀မ်၀မ်ကြောင့် ကျန်းလုပ်ငန်းစုက
ဒီလောက်အင်အားကြီးလာတာဆိုတော့
ဥက္ကဌနေရာက ၀မ်၀မ်နဲ့ အသင့်လျော်ဆုံးပဲ "
![](https://img.wattpad.com/cover/273930210-288-k960414.jpg)
KAMU SEDANG MEMBACA
The Romance of Two Stars 🚨🚨🚨 ( Complete)
RomansaChina ရဲ့ နာမည်ကြီးအဆိုတော်မင်းသားတစ်လက်နဲ့ မြန်မာနိုင်ငံကနေ china idolသွားပြိုင်တဲ့ ကောင်လေးတစ်ယောက်တို့ရဲ့ အချစ်ဇာတ်လမ်းလေး A Love Story between Chinese Super Star and The China Idol's Trainee Boy from Myanmar .