Part (27)

16.9K 1.2K 28
                                    

Unicode

ပေကျင်းရှိနာမည်ကြီးဟိုတယ်တစ်ခုရဲ့
VIPခန်းထဲတွင် ဒိတ်ဒိတ်ကြဲသူဌေးကြီး
တစ်ဦးထိုင်နေလျက်ရှိသည်။

ရှေ့တွင်လည်း စားသောက်ဖွယ်ရာများပြင်ဆင်ထားပြီး ဧည့်သည်ကို စောင့်ဆိုင်းနေသည့်ပုံပင် .....

ခဏအကြာ စောင့်နေသော ဧည့်သည်ဖြစ်ဟန်တူသူက မိန်းမငယ်တစ်ဦးနှင့်အတူနောက်လိုက်များခြံရံလျက်၀င်လာ၏။

ထိုသူကား မြန်မာနိုင်ငံ၏
ရေနံနှင့်သဘာ၀ဓာတ်ငွေ့လုပ်ငန်းရှင်သူဌေးကြီး တစ်ဖြစ်လဲ idol ချန်းယွင်ရှင်း၏ဖခင်
ဦးရန်ရှင်းပင် ....

နံဘေးတွင်တော့ ဇနီးဖြစ်သူ ဒေါ်ယုယ ....

သူတို့ရောက်လာသည်နှင့် ထိုင်နေသောသူဌေးကြီးက မတ်တပ်ရပ်၍

" မင်္ဂလာ... ကျန်းကျိုးလွီလို့ခေါ်ပါတယ် "

" ဟုတ်ကဲ့ မင်္ဂလာပါ ကျန်းသူဌေး ...
ရန်ရှင်းပါ ... ဒါကတော့ ဇနီးဖြစ်သူ ယုယပါ "

သုံးဦးသား အချင်းချင်းလက်ဆွဲနှုတ်ဆက်လိုက်ကြသည်။

" ထိုင်ပါ ... Dinnerအတွက် ကြိုက်မယ်ထင်တာလေးတွေ ပြင်ဆင်ထားပါတယ် ...
လိုအပ်တာရှိရင်လည်း ပြောပါ "

" ရပါတယ် ကျန်းသူဌေး ...
ကျေးဇူးတင်ပါတယ် "

" မဟုတ်တာဗျာ ... အားမနာပါနဲ့
နောက်လည်း လုပ်ငန်းပါတနာဖြစ်မယ့်အတူတူ မိသားစုတွေလို ပေါ့ပေါ့ပါးပါး ဆက်ဆံ​ကြပါ "

" ဟာ ... ဟုတ်ပါပြီဗျာ "

" ရန်သူဌေးရဲ့ တရုတ်စကားပြောက
အရမ်းကျွမ်းကျင်တယ်နော် ...
တရုတ်နိုင်ငံသားတစ်ယောက်လိုပဲ "

" ဟုတ်ကဲ့ ငယ်ငယ်ကတည်းက သင်ထားလို့ပါ ... 
တချို့လုပ်ငန်းတွေမှာလည်း တရုတ်စကား​ပြောရတော့ ကျွမ်းကျင်နေတာပါ "

" အိုး ... ကိုယ်လည်း မြန်မာစကားသင်ဦးမှပဲ "

ကျန်းသူဌေးဖြစ်သူက လိုအပ်တာထက် ဖော်ရွေလွန်းနေသည်ဟု ဦးရန်ရှင်းထင်မိသည်။

သူစုံစမ်းရမိသလောက် ကျန်းသူဌေးက တရုတ်နိုင်ငံရဲ့ အချမ်းသာဆုံးစာရင်း၀င်သူဌေးတစ်ဦးပင် .....

The Romance of Two Stars 🚨🚨🚨 ( Complete)Nơi câu chuyện tồn tại. Hãy khám phá bây giờ