Unicode
ယခုဆို ရှင်းထိုင်နေတာ နှစ်နာရီနီးပါးရှိနေပြီဖြစ်သည်။
ရေချိုးခန်းထဲက ရေကျသံတွေ ကြားနေရဆဲ ....
အစောက အနိုင်ယူလိုစိတ်နဲ့ ပြောလိုက်မိတဲ့အတွက် ရှင်းလွန်သွားမှန်းသိပါသည်။
ကိုယ့်ကိုဒေါသတကြီးအော်တာမျိုးကို
ရှင်းမကြိုက် ......ဒါပေမယ့် ရိ၀မ်က ရှင်းကိုတွေ့တိုင်း
အမြဲ ဆူပူနေတတ်သည်။ဟိုဟာမလုပ်ရ ဒါမလုပ်ရနဲ့
ချုပ်ချယ်လွန်းလှသည်။ကိုယ်တိုင်က လွတ်လွတ်လပ်လပ်နေတတ်သူမို့လား မသိ ချုပ်ချယ်ခံရတဲ့ ဘ၀မှာ
အသားမကျနိုင်သေး ......အရာရာလိုက် ထိန်းချုပ်လွန်းတဲ့ ရိ၀မ်ကို
တခါတခါအမြင်ကပ်မိသည်။ကိုယ်လုပ်မိတဲ့အရာတွေ
သူ့ကို အရွဲ့တိုက်ချင်တာကြောင့်လည်းပါသည်။သူသာထပ်ပြီး အနိုင်ယူနေဦးမယ်ဆိုရင်
သူ့အပေါ်ထားတဲ့ ရှင်းရဲ့ချစ်စိတ်တွေကို
ပြင်သင့်ရင်ပြင်ရတော့မည်။မချစ်ပဲနေလို့တော့ မရတာမို့
အချစ်ဆီကနေ ရှောင်ပြေးဖို့သာ .....အတွေးတွေနဲ့ငိုင်နေတုန်း ခေါင်းအုံးနားမှာ
သူထားခဲ့သည့်ဖုန်းက လင်းလာသည်။Silent လုပ်ထားတာမို့ ဖုန်းသံကမကြားရ။
ဆက်တိုက်၀င်နေသော ဖုန်းတွေ ....
ကိုယ်အရေး မဟုတ်တာကြောင့်
လျစ်လျူရှုထားမိလိုက်သည်။သူ့ဖုန်းမြင်ကာမှ ကိုယ့်ဖုန်းလည်း
ဘယ်နားကျန်ခဲ့မှန်းမသိ .....ရိုက်ကွင်းမှာပဲလား ....
ဒါမှမဟုတ် တစ်နေရာရာများကကျန်ခဲ့သလား ....
ကျကျန်ခဲ့တာဆိုရင်တော့ ကွိုင်ပဲ....
ဖုန်းထဲမှာ ကျန်းရိ၀မ်ရဲ့ ပုံတွေချည်းပဲ
ပြည့်နေသည်လေ ...ပြီးတော့ ၀င်ထားတဲ့ မက်ဆေ့လ်တွေကအစ
တစ်ခုမှ ဖျက်မထားမိ .....တကယ်ကို ဒုက္ခပါပဲ .......
ကုတင်ပေါ်က ဖုန်းက လင်းနေဆဲ ....
![](https://img.wattpad.com/cover/273930210-288-k960414.jpg)
KAMU SEDANG MEMBACA
The Romance of Two Stars 🚨🚨🚨 ( Complete)
RomansaChina ရဲ့ နာမည်ကြီးအဆိုတော်မင်းသားတစ်လက်နဲ့ မြန်မာနိုင်ငံကနေ china idolသွားပြိုင်တဲ့ ကောင်လေးတစ်ယောက်တို့ရဲ့ အချစ်ဇာတ်လမ်းလေး A Love Story between Chinese Super Star and The China Idol's Trainee Boy from Myanmar .