Unicode
" ဟင့် .... အင့် ..... "
အုံခဲနေတဲ့ခေါင်းနဲ့ ခန္ဓာကိုယ်က
နာကျင်မှုတွေကြောင့် ရှင်းညည်းညူမိသည်။တစ်ကိုယ်လုံး အရိုက်ခံထားရသလို
ကိုက်ခဲနေသည်။မျက်လုံးဖွင့်ဖို့တောင် အနိုင်နိုင်အားယူနေရသည်။
ရွှေပေါ်မြတင်နေခဲ့ရသူမို့
ဒီနာကျင်မှုက အသည်းခိုက်စရာ .......အမြင်အာရုံတွေ ရှင်းလင်းလာပြီဆိုတာနှင့်
အိပ်ယာက ထကြည့်သည်။မလွယ် ..... တင်းကြပ်နေသော လက်တစ်စုံက ခါးထက်မှာ ရစ်သိုင်းကာနေရာယူထား၏။
" နိုး...နိုးပြီလား ကလေး ..
သက်သာရဲ့လား ...
ဘယ်နားနာနေသေးလဲဟင် "ရှင်းရဲ့လှုပ်ရှားမှုကြောင့်နိုးလာသော
ရိ၀မ်လောင်ရှစ်က ပြူးပြူးပြာပြာနှင့်
တတွတ်တွတ်ရေရွတ်နေ၏။ရှင်းအသားတွေ တဆတ်ဆတ်တုန်ကာ မျက်ရည်ဝဲလာသည်။
ယောကျ်ားလေးချင်းအနိုင်ကျင့်ခံရသည့်
အတွေးက ရင်ကိုတင်းကြပ်ကာ
အသက်ရှူရခက်စေသည်။" ကလေး ... ကလေး ဘယ်နားနာလို့လဲဟင် ..
ကိုယ် ဆရာ၀န် ခေါ် .. ခေါ် ..... "" မုန်းတယ် "
ရှင်းရဲ့ တိုးလျလျအသံအောက်မှာ
ရိ၀မ်လောင်ရှစ်ရဲ့ ပြာပြာသလဲအမူအရာတွေ
အားလုံး ရပ်တန့်ကုန်သည်။" ခင်ဗျားကြီးကို မုန်းတယ်လို့ .... ဟင့် ... "
ရှင်းကသာ မျက်ရည်တွေနဲ့ မုန်းတယ်လို့ တသွင်သွင်ပြောနေပေမယ့် ရိ၀မ်လောင်ရှစ်က ဘာမှတုန့်ပြန်မလာ ....
အသက်မဲ့သူတစ်ယောက်လို ခေါင်းကိုသာ
ငုံ့ထားနေသည်။ရှင်းစိတ်ထဲ နည်းနည်းလေးဆိုးချင်လာသည်။
အနည်းဆုံးတော့ သူတောင်းပန်သင့်တယ်မလား .......
ဒီတိုင်းငြိမ်နေမယ့်အစား တောင်းပန်လိုက်ရင်
ရှင်း စိတ်ထဲသက်သာသွားမှာ .....ချစ်နေတာမှန်ပေမယ့်
မိမိကို အနိုင်ကျင့်တာကိုတော့
ခံပြင်းမိပါသည်။
![](https://img.wattpad.com/cover/273930210-288-k960414.jpg)
ESTÁS LEYENDO
The Romance of Two Stars 🚨🚨🚨 ( Complete)
RomanceChina ရဲ့ နာမည်ကြီးအဆိုတော်မင်းသားတစ်လက်နဲ့ မြန်မာနိုင်ငံကနေ china idolသွားပြိုင်တဲ့ ကောင်လေးတစ်ယောက်တို့ရဲ့ အချစ်ဇာတ်လမ်းလေး A Love Story between Chinese Super Star and The China Idol's Trainee Boy from Myanmar .