Part (43)Warning⚠️⚠️⚠️

28.4K 954 29
                                    

Unicode

နောက်နေ့မနက်တွင် ရှင်းက
ဦးရန်ရှင်းကို ခွင့်တောင်းပြီး ရိ၀မ်အား
မန္တလေးဘက်သို့ လိုက်ပို့သည်။

တစ်နေကုန် မန္တလေးနေရာအနှံ့
လျှောက်လည်ကြပြီး
ညဘက်တွင် တည်းခိုရမည့်ဟိုတယ်သို့
ပြန်ရောက်လာကြ၏။

နှစ်သောက်သား ရေချိုးပြီး
ညစာထွက်စားကြသည်။

အိပ်ယာပေါ်ရောက် ၉နာရီတောင် ထိုးပြီ။

" ဟူး ... တနေကုန် ကားစီးလိုက်ရတာ
ညောင်းသွားပြီ "

ရှင်းက အိပ်ယာပေါ် ခြေပစ်လက်ပစ်လှဲပြီး
ညည်းညူသည်။

ရိ၀မ်လည်း ကလေးငယ်ဘေးထိုင်ကာ
ခြေထောက်လေးတွေကို ဖွဖွလေးဆုပ်နယ်ပေးနေမိ၏။

" အား ... ကောင်းလိုက်တာ ... "

" .... "

" အင့် ... အဲ့နား ... ဟုတ်တယ် "

" .... "

" အင်း ... အညောင်းကို ပြေနေရောပဲ "

" အသံမထွက်နဲ့တော့ ... "

မူမမှန်တဲ့ ညည်းသံတချို့ကြောင့်
ရိ၀မ်သတိပေးလိုက်ရသည်။

" အင်း ... အင့် ... ဘာလို့ .. ဟ့ "

" .... "

သူ့ကို ပြန်မေးခွန်းထုတ်ကာ မှောက်အိပ်လိုက်တဲ့ ကောင်လေးကြောင့် ရိ၀မ်မျက်လုံးတွေ
ပြူးသွားသည်။

ပိုးသားဘောင်းဘီနုနုမှာ မို့တက်နေတဲ့
မက်မွန်သီးတွေ .....

မှောက်အိပ်နေတာမို့ လိပ်တက်နေတဲ့
အင်္ကျီစကြောင့် ပေါ်နေတဲ့ ခါးသားဖြူဖြူလေး .....

ရိ၀မ် အာခေါင်တွေခြောက်လာသည်။

အတွေးမှောင်မှောင်တွေက ခေါင်းထဲအပြည့် ...

ဒါကို မရိပ်မိသော ကလေးငယ်က
သူ့ကိုကျောပေးပြီး ​ဘေးတစောင်းလှဲလိုက်တာကြောင့် မက်မွန်သီးလုံးလုံးလေးတွေက
ပိုကော့တက်လာ၏။

ဒီအချိန်သာ လက်ထပ်ပြီးရင်တော့လား ......

ရိ၀မ် စိတ်ထဲ အားမလိုမရ ယူကြုံးမရတွေ
ဖြစ်နေမိသည်။

ဘယ်လောက်မှ မလိုတော့တဲ့ရက်တွေကို
သူမစောင့်နိုင်တော့ဘူး .....

The Romance of Two Stars 🚨🚨🚨 ( Complete)Donde viven las historias. Descúbrelo ahora