Unicode
အခုတလော ကျန်းလုပ်ငန်းစုဘက်တွင်
မြို့တော်၀န်၏ သမီးခြေရာတွေ
ထပ်နေသည်။မီဒီယာတချို့ကလည်း သို့လောသို့လောနှင့်
အရိပ်အမြွက်တွေ ဖော်ပြနေကြ၏။" ၀မ် ... တို့ကို ညစာလိုက်ကျွေးပါလား "
လက်မှတ်ထိုးနေရင်း ချင်မန့်ရဲ့
စကားကို မကြားဟန်ဆောင်နေလိုက်သည်။လူကို ရိ၀မ်တောင်မခေါ်ပဲ
တစ်၀မ်တည်း ၀မ်နေတာ
နားကြားပင်းကပ်လာပြီ။ပါပါးမျက်နှာမပျက်စေချင်လို့
အလိုက်ထိုက်ဆက်ဆံပေးနေတာ
ရိ၀မ်စိတ်နဲ့ဆို ဂုတ်ကဆွဲပြီး ရုံးခန်း၇လွှာကနေ အောက်ကိုပစ်ချပေးလိုက်တယ် .....မြို့တော်၀န် ဂုဏ်မှမထောက်
လိုက်ကပ်တွယ်နေတာက စိတ်ပျက်စရာ ...." ၀မ်လို့ .... "
ဆေးဆိုးထားသော နှုတ်ခမ်းကို
မူပိုကာ ချစ်ဖို့ကောင်းအောင် လုပ်ပြနေသော
သူမက အခြားသူများကို ဆွဲဆောင်ကောင်းဆွဲဆောင်နိုင်လိမ့်မည်ဖြစ်သော်လည်း
ရှင်းမျက်နှာတစ်ကမ္ဘာလုပ်နေသော
ရိ၀မ်အတွက်တော့ အသုံးမ၀င်ပါချေ ....." ချိန်းထားတာရှိသေးလား လီဖန်း ... "
ရိ၀မ် အတွင်းရေးမှူးကို လှမ်းမေးလိုက်သည်။
" ဒီနေ့အတွက် Koreaကလာတဲ့
ကိုယ်စားလှယ်တွေနဲ့ ညစာစားဖို့ရှိပါတယ် "ရိ၀မ်က ချင်မန့်ကို ကြားတယ်နော်ဆိုတဲ့
သဘောနဲ့ကြည့်လိုက်တော့
ချင်မန့်က မျက်နှာတစ်ချက်ပျက်သွားသည်။" ၀မ်က တို့ကိုဆို ဘယ်တော့မှ အချိန်မပေးဘူး .... "
" အချိန်ပေးရလောက်တဲ့ ပတ်သက်မှု
ရှိလို့လား .... "ရိ၀မ်ရဲ့ စကားက ချင်မန့်ကို အရှိုက်ထိသွားစေသည်။
ရှက်ပြီးမျက်နှာရဲကနဲဖြစ်သွားပေမယ့်
ချင်မန့်က အခြေအနေကို ပြန်ထိန်းသည်။" တို့ကို ညီမလေးတစ်ယောက်လိုတောင်
သဘောမထားဘူးလား ၀မ် ... "" အင်း ... မထားဘူး "
တကယ်လည်း ရိ၀မ်စိတ်ထဲ ချင်မန့်မှမဟုတ်
ဘယ်သူစိမ်းမိန်းကလေးကိုမှ
မိတ်ဆွေအဆင့်ကလွဲပြီး ညီမလေးလို
အမလိုတွေ ခေါင်းစဥ်တပ်ပြီး
ရင်းရင်းနှီးနှီးမရှိခဲ့ဖူး ......
![](https://img.wattpad.com/cover/273930210-288-k960414.jpg)
BINABASA MO ANG
The Romance of Two Stars 🚨🚨🚨 ( Complete)
RomanceChina ရဲ့ နာမည်ကြီးအဆိုတော်မင်းသားတစ်လက်နဲ့ မြန်မာနိုင်ငံကနေ china idolသွားပြိုင်တဲ့ ကောင်လေးတစ်ယောက်တို့ရဲ့ အချစ်ဇာတ်လမ်းလေး A Love Story between Chinese Super Star and The China Idol's Trainee Boy from Myanmar .