Unicode
ရိ၀မ်တို့ကား JiJi ent;ရှေ့သို့ရောက်လာခဲ့သည်။
နောက်က လိုက်လာတဲ့ ယီယီတို့ကားဟာလည်း ရိ၀မ်ရဲ့နောက်မှာ ရပ်တန့်သွား၏။
ယီယီဟာ ရိ၀မ်ရဲ့ ကားမှန်တံခါးကို
လာခေါက်တာကြောင့် မှန်ကိုချပေးလိုက်သည်။" Boss သခင်ကြီးက ခရီးလွန်နေတာကြောင့် အချက်အလက်တွေအားလုံး Bossရဲ့ Account ထဲမှာ ပို့ခိုင်းထားပါတယ်တဲ့ "
" Ok ... အဲ့တာဆို ဟိုတယ်ကို ပြန်သွားပြီး
ငါ့ကိုစောင့်နေ ....
ငါလာတာနဲ့ အားလုံးအဆင်သင့်ဖြစ်နေပါစေ "" ဟုတ်ကဲ့ပါ boss "
ယီယီက ဦးညွတ်ပြီး ပြန်ထွက်သွားဖို့
ပြင်၏။ထိုအချိန် ရိ၀မ်ခေါင်းထဲ တစ်စုံတစ်ခုကို
ဖြတ်ကနဲ သတိရသွား၏။" ယီယီ နေဦး "
" ဟုတ်ကဲ့ boss "
" Hidden camera ပါလား "
" ပါ, ပါတယ် Boss "
" ငါ့ကို ပေးခဲ့ "
ယီယီပေးတဲ့ Hidden cameraကိုယူလိုက်တော့ သေးသေးလေးရယ် ....
ထိုCameraကို ကလေးငယ်ရဲ့ ဆံပင်တုမှာ
ထိုးထားတဲ့ နဂါးနက်ဆံထိုးရဲ့ ကျောက်တွေကြားထဲ ရောထည့်ပေးလိုက်သည်။ဆံထိုးက အနက်ရောင်မို့ cameraသေးသေးလေးက သိသာနေမှာ မဟုတ် ...
" ဘာဖြစ်လို့လဲဟင် ... "
ဆံထိုးကို ကိုင်ပြီး ပြူးကြောင်ကြောင်မေးနေတဲ့ ကလေးငယ်ရဲ့ နဖူးလေးကို မြတ်နိုးစွာ
နမ်းရှိုက်လိုက်သည်။ပြီးမှ
" ကလေးကို ဘယ်လောက်နိုင်ကျင့်နေလဲဆိုတာ ကိုယ်က စောင့်ကြည့်မလို့ "
ရိ၀မ်ရဲ့ စကားကြောင့် ရှင်းရင်ထဲ
လှုပ်ခါသွားသည်။ဂရုစိုက်ခံရတဲ့အတွက်လည်း ကြည်နူးမှုက
အတိုင်းအဆမဲ့ ......." ဟို ဒုက္ခရောက်အောင်တော့ မလုပ်ပါနဲ့နော် ...
Memberတွေနဲ့ debutမလုပ်ရသေးတဲ့ Traineeလေးတွေ ရှိသေးလို့ "ရှင်းရဲ့ မ၀ံ့မရဲတောင်းဆိုမှုကို ရိ၀မ်က
သဘောတကျပြုံးသည်။
![](https://img.wattpad.com/cover/273930210-288-k960414.jpg)
YOU ARE READING
The Romance of Two Stars 🚨🚨🚨 ( Complete)
RomanceChina ရဲ့ နာမည်ကြီးအဆိုတော်မင်းသားတစ်လက်နဲ့ မြန်မာနိုင်ငံကနေ china idolသွားပြိုင်တဲ့ ကောင်လေးတစ်ယောက်တို့ရဲ့ အချစ်ဇာတ်လမ်းလေး A Love Story between Chinese Super Star and The China Idol's Trainee Boy from Myanmar .