မိတ်ဆက်🖤

1.8K 95 4
                                    

#Uni

ဟိုးကမ္ဘာကြီးအစကတည်းက လူသားရယ် နတ်မျိုးနွယ်နဲ့ နတ်ဆိုးမျိုးနွယ်ဆိုပြီး မျိုးနွယ်စုသုံးစုရှိခဲ့တယ်..

နတ်မျိုးနွယ်မှာ နတ်ဘုရားများစွာပေါ်ထွန်းလာပေမဲ့...နတ်ဆိုးမျိုးနွယ်မှာ လူစီဖာကတော့ အထူး ကျော်ကြားသူအဖြစ်ထင်ရှားတယ်..ထို မျိုးနွယ်နှစ်စုက အစွမ်းတွေကိုယ်စီရှိသလောက်..မျက်နှာချင်းဆိုင်လို့မရပါဘူး..

နတ်မျိုးနွယ်တွေကလဲ သူတို့ဟာ တော်ဝင်မြင့်မြတ်တဲ့ တန်ခိုးရှင်... လူသားတွေရဲ့အရှင်သခင်ဖြစ်သလို လူသားတွေအား ကာကွယ်စောင့်ရှောက်သော နတ်ဘုရားများလို့ တွေးသလို

နတ်ဆိုးများကလဲ သူတို့ဟာ ဖိနှိပ်ခံရသလို စွမ်းအားရှိတာချင်းအတူတူ နတ်မျိုးနွယ်များအား ပူဇော်ပသ သလောက် သူတို့မျိုးနွယ်ကျ ကြောက်ရွံပြီး နတ်မျိုးနွယ်ဘက်က နေရင်း..ဝိုင်းတိုက်ခိုက်ခဲ့သော လူသားများအား..ကလဲ့စားချေမည်ဖြစ်သလို...နတ်မျိုးနွယ်အား တသက်မကျေ..

အဲ့လိုနဲ့ တိုက်ပွဲတွေအများကြီးဖြစ်လာရာကနေ..နှစ်ပေါင်းများစွာကြာလာတော့...နတ်မျိုးနွယ်တွေဟာလဲ လူသားတွေလိုပုံစံဖြင့် အသွင်ယူကာ မိမိတို့အစွမ်းကို ဖုံးကွယ်ရင်း တိတ်တိတ်ကလေး လူသားတွေအား ကယ်တင်နေတုန်းပါပဲ...

ထိုမှတဆင့် ရာထူးပေးအပ်ခံရမှသာ နတ်ပြည်တွင် နတ်ဘုရားအဖြစ် တက်နိုင်မည်ဖြစ်သလို ကောင်းကင်နန်းတော်သို့ လာနိုင်မည်ဖြစ်သည်..သာမန် နတ်မျိုးနွယ်များသည်..ကောင်းကင်နန်းတော်သို့ မရောက်ဖူးပေ

ထို့အတူ နတ်ဆိုးမျိုးနွယ်သည်လည်း အတူတူပင်..လူသားတွေလိုနေထိုင်ရင်း နာမည်ဆိုးနှင့်ကျော်ကြားမှသာ...ငရဲနန်းတော်မှ ငရဲမင်းလူစီဖာရဲ့ မျက်နှာကိုမြင်ခွင့်ရသလို..အမှောင်ဘက်ခြမ်းတွင် အရေးပါတဲ့ရာထူးပေးအပ်ခံရမည်ဖြစ်သည်

နှစ်ပေါင်း သောင်းချီကြာပြီး လူသားနဲ့နတ်မျိုးနွယ်ရဲ့အချစ်ဇာတ်လမ်း...နတ်ဆိုးနှင့် လူသားတို့ရဲ့အချစ်ပုံပြင်တွေ ပေါ်လာသလို သွေးနှော တွေအများကြီးထွက်လာပေမဲ့..တော်ရုံက အစွမ်းမရှိဘဲ လူသားမျိုးနွယ်အဖြစ်နေထိုင်သွားသလို..

EnemyWhere stories live. Discover now