2 - 20221300

484 58 3
                                    

Unicode

အပိုင်း(၂)

2022

မိုးသည်းနေတာကို အာရုံမထားဘဲ ရှောင်းကို တွေ့နိုင်ဖို့အတွက် တစ်နေရာပြီးတစ်နေ ရှာခဲ့တာကြောင့် ကျွန်တော်ဖျားရပြီ။

ကားသော့ယူလို့ ဆေးခန်းကို အားတင်းပြီး သွားရတော့သည်။ ဆေးခန်းရှေ့ရောက်မှ စိတ်လွှတ်လိုက်လို့လားမသိ၊ ကျွန်တော့်မျက်ဝန်းတွေက ဗလာနတ္ထိ။

"ဒီမှာရှင့် .. ဒီမှာ .. သတိထားပါဦး"

"ဘာဖြစ်တာလဲ!"

"ဒေါက်တာကု .. ဒီလူ အဖျားကြီးပြီးမေ့လဲသွားတယ်ထင်တယ်"

ဒေါက်တာကုဝေကိုယ်တိုင်တွဲလို့ လူနာကို အထဲသို့ခေါ်ရသည်။ ကျန်လူနာများကလည်း အရေးပေါ်ဦးစားပေးကာ အလှည့်ကျော်ပေးလိုက်ကြသည်။

▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎

လွန်ခဲ့သော နှစ်ပေါင်း၁၃၀၀

"ထိုက်မိဖုရား .. ဂူဒါရောက်ရှိကြောင်းပါ"

"အမြန်ဝင်လာခဲ့"

လက်ဖက်ရည်ဆောင်တွင် နားနေသည့် ထိုက်မိဖုရားရှေ့သို့ ဒူးတစ်ဖက်ထောက်ချကာ အမည်းရောင်သေတ္တာတစ်လုံးကို ဆက်သလိုက်သည်။

"ကူယွဲ့မူရဲ့နှလုံးသွေးနဲ့ နှလုံးသားပါ ထိုက်မိဖုရား"

အဖုံးကိုဖွင့်လို့ ရဲသွေးအပြည့်နှင့် သေဆုံးသွားသောနှလုံးသားတစ်ခုက လတ်ဆတ်လို့နေ၏။

"ကိုယ်ဝန်ပျက်ကျသွားတယ်လို့ယူဆရပါတယ် ထိုက်မိဖုရား။ အောက်ပိုင်းတစ်ခုလုံး သွေးတွေရွှဲရုံမက ဝမ်းဗိုက်ကိုခွဲလိုက်တဲ့အခါမှာလည်း သန္ဓေသားမရှိတော့ကြောင်းပါ"

"ဟားဟား၊ တော်တယ်။
သိပ်ကောင်တဲ့လုပ်ရပ်ပဲ။ အလောင်းကို ငါ့အိမ်မွေးလေးကိုချကျွေးလိုက်"

"ထိုက်မိဖုရား သဘောအတိုင်းပါ"

"ရော့ .. မင်းအတွက် ဆုငွေ"

ဒင်္ဂါးတစ်သောင်းပါတဲ့ အိတ်၅အိတ်ကိုဆုချလိုက်၏။

"စိတ်ထားမြင့်မြတ်လှကြောင်းပါ..."

匚卂几'ㄒ 尺乇丂|丂ㄒ ㄒ卄乇 千卂ㄒ乇Where stories live. Discover now