Unicode
အပိုင်း(၅)
2022
ရုတ်တရက် လာဖက်လေသူကြောင့် ကုဝေ တခဏတာ ငြိမ်နေမိသည်။
"လွှတ် .. လွှတ်ပေးလို့ရပီ .. ထင်တယ်"
"ဆောရီး .. ကိုယ် စိတ်လောသွားတယ်"
ပူးကပ်နေသည့်အနေအထားမှ တစ်လှမ်းအကွာကို ကုဝေနောက်ဆုတ်မိရင်း တစ်ယောက်ကိုတစ်ယောက် စိုက်ကြည့်နေမိသည်။
*ဒီလူ အဖျားကြီးပြီး တစ်ခန်းလွတ်သွားတာလား?*
ကုဝေ အတွေးထဲသာ မေးခွန်းထုတ်မိ၏။"ပြန်ခွင့်ပြုပါဦး"
ချာကနဲလှည့်ကာ ထွက်သွားသည့်သူ။
ကျန်ခဲ့သည့်ကုဝေမှာတော့ ငူငေါင်စွာ။
~~~~~~~~~~~~
Final yearရဲ့ examလည်းပြီးပြီမလို့ နေ့ရက်တိုင်းက သာမန်ထက် ပိုပေါ့ပါးနေသယောင်။
မနက်စာ စားလေ့မရှိတဲ့ရှောင်းကျန့်က ဆေးလိပ်တစ်လိပ်ကိုတော့ ရအောင်ဖွာတတ်သည်။
ဝရံတာသို့ထွက်ပြီး ဘောင်းဘီအိတ်ကပ်ထဲကမီးခြစ်ကိုယူလို့ ဆေးလိပ်မီးညှိလိုက်သည်။ အားပြင်းပြင်းတစ်ချက်ရှိုက်လို့ ရှုပ်ထွေးမှုတို့ကို မီးခိုးအဖြစ်မှုတ်ထုတ်လိုက်တယ်။
သူအရမ်း စိတ်ရှုပ်နေတယ်။
မနေ့ညက သူ့စိတ်စေခိုင်းမှုမပါဘဲ စိတ်လွတ်ကိုယ်လွတ် ငိုမိခဲ့တယ်။ ဘာကြောင့်လဲ?။"သား .. သားအဖေ ခေါ်နေတယ်"
အခန်းထဲဝင်လာတဲ့အမေကြောင့် သောက်လက်စ ဆေးလိပ် ဘယ်နားဖွက်ရမှန်းမသိ။
"ဆေးလိပ်တွေ သောက်ပြန်ပြီ!
သွား .. သွား .. ရေချိုးခန်းထဲမှာ မီးသွားသတ်၊ အနံ့မရအောင် ချိုချဥ်ဖြစ်ဖြစ် ပီကေဖြစ်ဖြစ်ငုံပြီးသွား""ဟုတ်ပါပြီ အမေရ၊ကျွန်တော်ခုမှ စဖွာတာကို။ ပြီးတော့ ကျွန်တော်က အသက်ပြည့်ရုံမကဘူး ဘွဲ့ပါယူရတော့မှာ"
"သားအဖေမှ မကြိုက်တာသားရယ်"
"ပြီးတာပဲဗျာ .. အဖေက စာဖတ်ခန်းထဲမှာမလား"
"အေး .. ရန်မဖြစ်နဲ့ဦးနော်"
"အမေက စိတ်ပူလွန်နေပြီ .. *ရွှတ်* .. မဖြစ်ဘူးဟုတ်ပြီလား"
YOU ARE READING
匚卂几'ㄒ 尺乇丂|丂ㄒ ㄒ卄乇 千卂ㄒ乇