14 - 1300

262 36 4
                                    

Unicode

အပိုင်း (၁၄)

သူ့ကျောပြင်ထက် နေရာယူထားသည့် တိမ်ငွေ့ရည်ကြာဖြူပန်းကို ကြေးမုံမှတစ်ဆင့် ရိပေါ် တစိမ့်စိမ့်ကြည့်နေမိသည်။

ကံကြမ္မာအရ လက်ခံရထားသည့် စွမ်းအင်တွေရဲ့လျှို့ဝှက်ချက်က ဘာကိုဖြစ်စေချင်သည်လဲ။

~~~~~~~~~~~~

"မင်းပြောပုံအရဆို တိမ်ငွေ့ရည်ကြာပန်းက ယောက်ျားလေးတစ်ယောက်ရဲ့ ခန္ဓာကိုယ်မှာရှိနေတာပေါ့! တစ်ခုခုတော့ လွဲမှားနေပြီ၊ ငါ့တွက်ချက်မှုတွေက ဘယ်တုန်းကမှ ချွတ်ချော်မှုမရှိခဲ့ဖူးဘူး!!

ထွန်းတောက်ခြင်းကြယ်ကလည်း ထွက်ပေါ်နေပြီးပြီ၊ ရွှေသွန်းခြင်းကြယ်မဖြစ်အောင် သူတို့နှစ်ယောက် မပေါင်းစည်းဖို့အရေးကြီးတယ်!"

"ကျွန်တော့်ကိုသာ တာဝန်ပေးပါ၊ ကျွန်တော် အကောင်းဆုံး သခင်မအတွက် လုပ်ဆောင်ပေးပါမယ်"

"ကြာပန်းအကာအကွယ်ကို ရှာ၊ ပြီးရင် ဘာမှတွန့်ဆုတ်မနေဘဲ သတ်!"

"သခင်မ အမိန့်တော်အတိုင်းပါ"

"ဂူဒါကို နတ်နန်းဆောင်ထဲ ခုလာဖို့ မင်းသွားခေါ်လိုက်"

ဟွမ်ကျိ အခိုးအငွေ့အဖြစ် ချက်ချင်းကူးပြောင်းသွားပြီး ခဏအကြာတွင် ဂူဒါမှ တွေ့ခွင့်တောင်းလာခဲ့သည်။

"ဝင်ခဲ့"

"ဒန်းစွိုင်းနယ်က ဟွမ်ကျိဖြစ်ပျက်ခဲ့သမျှသတင်းကို ဖုံးခဲ့ပြီးပြီလား"

"ပြီးမြောက်ကြောင်းပါ .. ဘယ်သူမှ ဟွမ်ကျိရဲ့ရုပ်သွင်ကို မမြင်ခဲ့ကြပါဘူး။ ထွေကြပ်မန်လည်း နဂါးမျက်ရည်ဂိုဏ်းရဲ့ ခြုံခိုတိုက်ခိုက်မှုနဲ့ ကြုံတွေ့ခဲ့ရတာကြောင့် ဒန်းစွိုင်းနယ်မရောက်ခင်မှာပဲ ရှောင်တိမ်းလာခဲ့ရပါတယ်။ ဒါကြောင့်မလို့ အရှင်စိတ်ချလို့ရပါတယ်"

"ကောင်းပြီ။ မနက်ဖြန် ထိုက်မင်းသားနဲ့ စစ်ချီထွက်ဖို့ပြင် .. အနောက်ဘက်အရပ်မှာရှိတဲ့ ပြည်နယ်သုံးခုလုံးကို တပ်ဖြန့်ပြီး ခြိမ်းခြောက်မယ်၊ ပုန်ကုန်ရင် သွားရမယ့်လမ်းက သေမင်းတံခါးဝဆိုတာသိအောင် ပြခဲ့လိုက်"

匚卂几'ㄒ 尺乇丂|丂ㄒ ㄒ卄乇 千卂ㄒ乇Where stories live. Discover now