6 - 1300

348 46 0
                                    

Unicode

အပိုင်း(၆)

လွန်ခဲ့သော နှစ်ပေါင်း၁၃၀၀

ရှောင်းကျန့် အသက်၂၂နှစ်ပြည့်ခဲ့လေပြီ။

မြို့ထဲ ဆေးလှည့်ရောင်း၊ ဆေးကုစားတဲ့အလုပ်ကို စွန့်လွှတ်ပြီး သူတအားရောက်ဖူးချင်နေတဲ့ ထိုက်ပြည်နန်းတော်အတွင်းသို့သွားတော့မည်။

နန်းတော်ထဲ သမားတော်လုပ်မည်၊ ဆေးပညာအမြင့်စားများသင်ယူရင်း တိုင်းတစ်ပါးလှည့် ဆေးကုမည်ဟူ၍ ဘာဘရာဂွာဆီမှခွင့်ပြုချက်ယူပြီးနောက် ၃ထည်သာရှိသည့် အဝတ်တို့ကိုထုပ်ပိုးနေလိုက်သည်။

"ဘယ်တော့မှ သူများရှေ့ မင်းအဝတ်မချွတ်မိစေနဲ့နော်"

"စိတ်ချပါ ဘာဘရာဂွာကလည်း၊
ကျွန်တော့်ကျောပေါ်က ဘာအကောင်ကြီးမှန်းမသိတာကို ဘယ်သူမှမမြင်စေရဘူး"

ဘာဘရာဂွာ ခြေဖျားထောက်ရင်း အတော်လေးမြင့်မားလာတဲ့ရှောင်းကျန့်ကို ခေါင်းပုတ်ပေးနေသည်။

"၂၂နှစ်တောင်ရှိလာပြီ၊
ငါ့မျက်စိရှေ့မှာတင် မင်းအများကြီးအရွယ်ရောက်လေပြီကို ..၊ အင်းပေါ့လေ.. မင်းလည်း မင်းခြေပေါ်ရပ်ချင်နေရော့"

ဒီနှစ်များအတွင်း သံယောစဥ်က ပိုတိုးလို့လာခဲ့သည်မလို့ ရှောင်းကျန့်သွားတော့မှာကို ဘာဘရာဂွာ ဝမ်းနည်းမိသည်။ တစ်ခါမှလည်း ခွဲဖူးသည်မှမဟုတ်တာ။ တစ်ဦးတည်းသော မိသားစုဝင်ဖြစ်ခဲ့သည်မလား။

"ခက်ပြီ! ကျွန်တော်က အပြီးသွားမှာမဟုတ်ဘူး။ သေချာပေါက် ဘာဘရာဂွာကိုခေါ်ပြီး နေရာအနှံ့အတူသွားမှာ။ ဒီတောကြီးကိုလည်း လမ်းကြုံရင်ကြုံသလို အမြဲဝင်မှာ"

ပြောလည်းပြော
ဘာဘရာဂွာကို ဖက်ထားပေးလိုက်သည်။

"ရော့ ... ဒါလေးကို အမြဲဆွဲထား"

ငွေဖြူလက်စွပ်ကို နွယ်ကြိုးနှင့်ရစ်သွယ်ထားသည့်လည်ဆွဲလေးအား ရှောင်းကျန့်လည်တိုင်ထက် ဆင်ယင်ပေးလိုက်သည်။

"မင်း ငါ့ဆီရောက်တုန်းက မင်းလက်ကောက်ဝတ်မှာပါလာတဲ့မင်းမိဘအရင်းရဲ့ တစ်ခုတည်းသော အမွေ၊ တစ်နေ့နေ့မှာ အသုံးဝင်လာလိမ့်မယ်"

匚卂几'ㄒ 尺乇丂|丂ㄒ ㄒ卄乇 千卂ㄒ乇Where stories live. Discover now