9 - 1300

244 35 0
                                    

Unicode

အပိုင်း (၉)

ဆံပင်တစ်ဝက်ကို အမြဲစည်းနှောင်ထားလေ့ရှိတဲ့ရှောင်းကျန့်က ဒီနေ့တွင် ဆံပင်အားလုံးကို စု၍ အမြင့်စည်းထားသည်။ သစ်သားရိုးတံလေးနှင့်ထိန်းလို့ ဆံပင်အစုကို သေသပ်စေသည်။ ရှေ့ဆံမြိတ်ကို ခပ်ဖွဖွချထားကာ ကျန်နေသည့်ဆံပင်အတိုတို့က ဟိုတစ်မျှင်ဒီတစ်မျှင် ကပိုကရို ဖြစ်နေပုံမှာ ကြည့်ကောင်းနေသေး၏။

ဝတ်နေကျ ဝတ်စုံထဲမှ အနည်းငယ် ကြည်တောက်နေသေးသည့်ဝတ်စုံကိုလဲကာ ရိပေါ်ကို သွားနှိုးသည်။

"ရိပေါ် .. ဝမ်ရိပေါ် .."

"အင်း .. နိုးနေပြီ"

ရိပေါ်ထွက်လာတော့ ဆံပင်အမြင့်စည်းထားတာကြောင့် လူငယ်အသွင် လန်းဆန်းနေသည့်ရှောင်းကျန့်ကို မှင်သက်မိတော့သည်။

ရိပေါ်ထွက်လာတော့ ဆံပင်အမြင့်စည်းထားတာကြောင့် လူငယ်အသွင် လန်းဆန်းနေသည့်ရှောင်းကျန့်ကို မှင်သက်မိတော့သည်။

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.


[ crd pic to original uploader ]

အကြည့်တို့က ရှောင်းကျန့်ရဲ့ နီဖျော့ဖျော့နှုတ်ခမ်းပါးဆီရောက်တော့ *ဒီနေ့မှ အဲ့မှဲ့လေးက ပိုထင်ပြီး ဘာလို့ဆွဲဆောင်မှုရှိနေရတာလဲ*ဟုသာ အတွေးထဲ၌ ထုတ်ပြော၏။

"မင်း အဆင်သင့်ဖြစ်ရင်သွားကြမယ်လေ"

တက်ကြွစွာ ပြုံးရယ်လျက် ပြောလာတဲ့သူကြောင့် ရိပေါ် မျက်နှာလွှဲလိုက်ကာ

"ရှေ့ကသွား ၊ ကျွန်တော် အနောက်က လိုက်မယ်"

"အယ် .. ငါမှ ဘယ်သွားရမှန်းမသိတာ"

"ကြိုက်တဲ့နေရာကိုသွားလို့ရတယ် ၊ အနောက်မှာကျွန်တော်အမြဲရှိမှာမလို့ လမ်းမှားခဲ့ရင်တောင် စိတ်ပူစရာမလိုဘူး၊ ကျွန်တော် ကာကွယ်ပေးနိုင်တယ်"

ရိပေါ်ရဲ့စကားက ဘာကြောင့်မှန်းမသိ ရှောင်းကျန့်ရင်ထဲ နွေးနွေးလေး စီးဆင်းသွားသည်။

匚卂几'ㄒ 尺乇丂|丂ㄒ ㄒ卄乇 千卂ㄒ乇Where stories live. Discover now