Unicode
အပိုင်း (၁၁)
တစ်ယောက်ခန်းဆိုသည့်အတိုင်း ပြတင်းပေါက်အနားတွင် တစ်ယောက်အိပ်ကုတင်တစ်လုံးနှင့် အခန်းတံခါးနားရှိ ခုံပုပေါ်တွင် ကိုယ်လက်သန့်စင်ဖို့ ရေစည်အသေးတစ်လုံးသာရှိသည်။
ဒန်းစွိုင်းသည် ဖွံ့ဖြိုးမှုနည်းသော နယ်တစ်ခုဖြစ်၏။
ဝမ်ရိပေါ် သူရဲ့ဓါးကို ကုတင်ပေါ်တင်ပြီး ဝတ်ရုံလက်အနားစတို့ကို တံတောင်ဆစ်အထိ ခေါက်တင်ကာ လက်ဆေး၊ မျက်နှာသစ်တော့သည်။
ဆီမီးခွက်ထဲမှ မီးစာကို မီးညှိလို့ အခန်းတွင်း အလင်းရအောင် ရှောင်းကျန့် ထွန်းနေရင်း ခေါက်တင်ထားလို့ မြင်နေရသည့် ရိပေါ်လက်တစ်လျှောက်က အညိုမဲအကွက်များကြောင့် အလိုမကျစွာ ထိုဒဏ်ရာများကို စိုက်ကြည့်မိသည်။
"မင်း .. အဲ့ဒဏ်ရာတွေ ဘယ်လိုရတာလဲ?"
"လေ့ကျင့်ရင်း .."
"ဆေးမလိမ်းဘူးလား"
"ကျွန်တော်လိမ်းချင်ရင် လိမ်းမယ်"
ရှောင်းကျန့် ထွက်ချင်နေတဲ့ ဒေါသပိစိကိုမျိုချပြီး အိတ်ထဲမှ ဆေးပုလင်းအသေးလေးကို ထုတ်ယူလိုက်သည်။
ရိပေါ်လက်ကို သူ့ဘက်ဆွဲယူလိုက်ရင်း အေးမြသည့်အထိအတွေ့ပေးသည့်ဆေးရည်ကို ရိပေါ်လက်ပေါ်လိမ်းလို့ ဖြေးညှင်းစွာဆုပ်နယ်ပေးနေသည်။ ဆေးရည် အသားအတွင်းစိမ့်ဝင်သွားသည်သေချာမှ လွှတ်ပေးလိုက်၏။
"ဒဏ်ဖြစ်သွားရင် အသက်ကြီးတဲ့အခါ မင်းလက်တွေ အမြဲကိုက်ခဲနေလိမ့်မယ်"
ရိပေါ်မျက်ဝန်းကိုစိုက်ကြည့်တော့ သူ့ကို တစ်စစီချေမွပစ်ချင်နေသလို အကြည့်ကြောင့် ရှောင်းကျန့် အနည်းငယ်တော့ တုန်လှုပ်သွားသည်။
ခြောက်သွေ့နေတဲ့နှုတ်ခမ်းပါးကို လျှာနဲ့စိုစေလို့ တိုးမျှသည့်အသံကိုထုတ်လိုက်သည်။
"ငါ .. အနီးပတ်ဝန်းကျင်ကို သွားစစ်လိုက်ဦးမယ်"
နောက်လှည့်မကြည့်၊ သုတ်ခြေတင် ရှောင်းကျန့်ထွက်လာတော့သည်။ ဒီကောင်လေးအကြည့်တွေက သိပ်ခြောက်ခြားဖို့ကောင်းတာပဲ။
YOU ARE READING
匚卂几'ㄒ 尺乇丂|丂ㄒ ㄒ卄乇 千卂ㄒ乇