Unicode
အပိုင်း (၁၂)
နာကျင်မှုများစွာက ခန္ဓာကိုယ်အနှံ့ဖြတ်ပြေးနေသည်။
ဟွမ်ကျိ၏ ရိုက်ချက်အား ပြင်းထန်စွာခံယူပြီးချိန် ရိပေါ်အမြန်ကူတွဲပေးထားရာမှ သတိလွတ်ကာ မေ့မျောသွားခဲ့သည်။
ပုံမှန်ထက် နူးညံ့နေသည့်အိပ်ယာအသားကြောင့် လေးလံနေသည့်မျက်ခွံတို့ကို အားတင်းဖွင့်လိုက်၏။
"နိုးလာပါပြီလား မင်းသား"
နားထဲရောက်ရှိလာတဲ့ မိန်းမတစ်ယောက်၏အသံ။
ပိန်သွယ်သည့်ခန္ဓာကိုယ်ပိုင်ဆိုင်ထားပြီး ပြေပြစ်သည့်မျက်နှာသွင်ပြင်ထက် တစ်စုံတစ်ယောက်ရှင်သန်လာမှုကို ဝမ်းသာအားရကြိုဆိုပေးနေသည့် အပြုအမူနှင့်အမျိုးသမီး။
ကုတင်ခေါင်းရင်းကိုမှီလို့ အားပြုထိုင်လိုက်ရင်း ထိုအမျိုးသမီးကို မေးခွန်းထုတ်လိုက်သည်။
"ကျွန်တော် .. ဘယ်နေရာကို ရောက်နေတာလဲ"
"မင်းသား အပြည့်အဝအနားယူပါဦး။ လုံထန် အကုန်လုံး ရှင်းပြပေးပါ့မယ်"
"ဘာတွေအထင်မှားနေလဲမသိပေမဲ့ ကျွန်တော်က ခင်ဗျားခေါ်နေတဲ့ မင်းသားတော့မဟုတ်ဘူး"
ပတ်ဝန်းကျင်ကို သေချာကြည့်မိတော့မှ ကျယ်ပြောလှတဲ့ အခန်းကျယ်ကြီးထဲတွင် အထိန်းတော်ပုံစံအမျိုးသမီး၂ယောက် ထပ်ရှိနေပြီး အပြင်အဆင်များက ဈေးကြီးပေးရသည့် အဖိုးတန်ပစ္စည်းများနှင့် အခန်းတွင်းအလှဆင်ထားသည်။
လိုက်ကာ၊ အခင်း စသည်တို့ကို ပိုးဖဲသားများနှင့်ချုပ်လုပ်ထားကာ လျှောက်လှမ်းကို ကျားသားရေတို့ဖြင့်ခင်းကျင်းထားသည်။
"မင်းသားက တကယ်ကို မိဖုရားနဲ့တကယ်တူတာပဲ၊ လုံထန် မင်းသားကိုပြန်တွေ့ရတာ သိပ်ကိုဝမ်းသာမိပါတယ် .. အဟင့် ဟီး"
ရှောင်းကျန့်မှာ ဆွံ့အရပြန်သည်။ အမျိုးသမီးတိုင်းက အငိုလွယ်လိုက်ကြတာ ဘာပြောပြော သူတို့ရင်ထဲက မခံစားနိုင်ကြဘူးထင်တယ်။
ရုတ်တရက် ကျောဘက်က နာကျင်မှုသည် ရင်ဝထိ ပြည့်ကျပ်လာကာ သွေးအန်ချင်သလိုခံစားရတာကြောင့် ရင်ဘက်ကိုဖိရင်း ထိန်းချုပ်လိုက်ရသည်။
YOU ARE READING
匚卂几'ㄒ 尺乇丂|丂ㄒ ㄒ卄乇 千卂ㄒ乇