8 - 1300

240 34 2
                                    

Unicode

အပိုင်း (၈)

"သင်တန်းသားတွေ ရောက်လာတဲ့အချိန်ပဲ..."

ဂူဒါ ပေးလိုက်သော လူသစ်စာရင်းစာအုပ်ကိုကြည့်ပြီး ထိုက်ရာလင် ပြောလိုက်ခြင်းဖြစ်သည်။

"ကျွန်တော် ပြောစရာရှိပါတယ်။ ထိုက်မင်းသား .. မင်းသားက လေ့ကျင့်ရေးသင်တန်းသားတွေထဲ ရောက်လာပါတယ်"

"သိတယ် .."

မတုန်မလှုပ်ပြန်ဖြေသော ထိုက်ရာလင်ကြောင့် ဂူဒါ မျက်ခုံးတို့ပင့်မိသည်။

"ငါ့သားရဲ့ ကိုယ်ငွေ့က အဲ့ဒီ့စွမ်းအားမြင့်တဲ့လူရဲ့ အနီးတစ်ဝိုက်မှာရှိကတည်းကသိတယ်၊ ဘာဆက်ဖြစ်မလဲ သိချင်လို့ လွှတ်ထားတာ၊ ငါ့သားအတွက် အန္တရာယ်ကင်းသ၍ စောင့်ကြည့်ရမှာပေါ့"

"အမိန့်တော်အတိုင်းပါ။
မနက်ဖြန် ဇိမ်းနယ်ကို ကျွန်တော်ကိုယ်တိုင် ဦးဆောင်ပြီး သွားတိုက်ရပါမယ်။ ဇိမ်းနယ်က အင်အားသေးပေမဲ့ တပ်ကူတွေ ရထားပြီး၊ ကိုင်တွယ်ရတာ ခက်ခဲနေတယ်လို့ ခိုစာနဲ့ အကြောင်းအရာပို့ထားပါတယ်"

"ဇိမ်းနယ်ကို ဘယ်သူတွေက ကူညီနေတာလဲ"

"ကျွန်တော်စုံစမ်းရသလောက်ကတော့ "နဂါးမျက်ရည်"ဆိုတဲ့ လျှို့ဝှက်ဂိုဏ်းတစ်ခုကပါ။ အရင်က အဲ့လိုနာမည်နဲ့ဂိုဏ်း မကြားဖူးပေမဲ့ ပေါ်လာတော့လည်း ဇိမ်းနယ်နဲ့အဆက်အသွယ်ရှိပြီး အကောင်ကြီးမယ့်ပုံပါ"

"အင်အား ကြိုက်သလောက်ယူသွား။ ဇိမ်းနယ်ကိုသိမ်းပြီးတာနဲ့ ကူနယ်ကိုတန်းသိမ်းမယ်။ ငါ ထိုက်ရာလင်ရဲ့ ထိုက်ပြည်ထောင်ကြီးက ငါ့သားလက်ထပ်မှာ ပိုပြီးအင်အားကြီးနေရမယ်!"

"အကောင်းဆုံးဖြစ်စေရပါမယ်"

~~~~~~~~~~~~

ဟောဟဲလိုက်ကာ တောင်ထိပ်သို့အပြေးသွားနေသည့် ထျန်းအာ။ သူနိုးလာတော့ ရှောင်းကျန့်နဲ့အတူ ရိပေါ်ကပါ ပျောက်နေသည်မလို့ အဆောင်တိုင်းကိုလိုက်ရှာပြီးမှ နေ လုံးလုံးမထွက်ခင် တောင်ထိပ်သို့အမှီပြန်သွားတော့သည်။

"ရှောင်းကျန့်!"

သူခေါ်တာကိုမကြားပဲ ရိပေါ်ကိုပြုံးရင်းစကားပြောနေသည့်သူက မနေ့ကလို အရာရာကိုစိတ်ပျက်နေသည့်ရုပ်မဟုတ်ပဲ ကြည်လင်ဝင်းပနေသည်။

匚卂几'ㄒ 尺乇丂|丂ㄒ ㄒ卄乇 千卂ㄒ乇Where stories live. Discover now