Unicode❤
ဒီနေ့ Yoongi တို့ကျောင်းကောင်စီအဖွဲ့ဝင်တွေစုပြီး အစည်းအဝေးလုပ်ရမယ့်အချိန်ရှိသည်
အစည်းဝေးမစခင် ကျောင်းအုပ်က Break Time မှာ သူ့ကိုရုံးခန်းလာဖို့ခေါ်တာမို့ Yoongi အပြေးသွားတွေ့ရသည်
မိနစ် 30 လောက် ကျောင်းအုပ်ဆရာကြီးပြောတာတွေကို နားထောင်လိုက်ရတယ်
ရုံးခန်းထဲကထွက်လာတော့ သူ့မှာ စရင်းစာအုပ်ကြီး တကားကား ကိုင်လျက် ထွက်လာရပြန် သည်
အစည်းဝေးအတွက်နောက်ကျနေပြီမို့ ဓာတ်လှေကားစောင့်မနေတော့ပဲ ရိုးရိုးလှေကားကနေပဲပြေးတက်လိုက်တော့သည်
အစည်းဝေးလုပ်မယ့် သုံးလွှာမြှောက် Corridor ရောက်တော့ သူ့ခြေလှမ်းတွေကအလိုလျောက်နှေးသွားသည် ဒီအလွှာက သူ့ ရဲ့တစ်ဦးတည်းသောCrush ကြီးရဲ့ အတန်းရှိတဲ့ အလွှာလေ
ဟော ဟိုးမှာတွေ့ပါပြီ Corridor အပြင်ထွက်ပြီး သူငယ်ချင်းတွေနဲ့ ရယ်မောကာ စကားပြောနေတဲ့ Jungkook
နေရောင်ထက်တောက်ပတဲ့ အပြုံးလေး Yoongi အတွက်ကတော့ ထိုအပြုံးလေးကရှားပါးသည်လေ
Jungkook ကတော်ရုံတန်ရုံလူဆိုရယ်ပြဖို့မပြောနဲ့ စကားတောင်ပြောတာမဟုတ်ဘူး
သူကလည်း Jungkook အတွက် တော်ရုံတန်ရုံသာမာန်လူစားပဲထင်ပါတယ် စကားပြောဖို့နေနေသာသာ သူ့ကိုတောင်သတိထားမိပုံမပေါ်ဘူး
မနေ့ကတော့ စကားလေးပြောလိုက်ရလို့ ပျော်ပါရဲ့ ဒါပေမဲ့ အဆင်ပြေတဲ့ Conversation မှမဟုတ်တာ Yoongi မကျေနပ်နိုင်ပါဘူး
Yoongi စရင်းစာအုပ်ကို ပိုက်ပြီး ခပ်လှမ်းလှမ်းက Jungkook ကိုကျောက်ရုပ်လိုငေးကြည့်နေမိသည်က အစည်းဝေးလုပ်ဖို့မေ့နေသည်အထိ
ထိုအချိန် Jungkook သူငယ်ချင်းတွေက သူ့ဆီလက်ညှိုးထိုးလိုက်တာမို့ လူမိသွားပြီထင်ပြီး Yoongi ပြူးတူ့ပြဲတဲနဲ့ တောင်ပြေးရမလို မြောက်ပြေးရမလို ပြာယာခက်သွားတယ်
"ဒုက္ခပါပဲ ငါဘယ်ပြေးရမလဲ"
ရုတ်တရက် သူ့ဘေးဖြတ်သွားတဲ့အရိပ်ကြောင့် Yoongi လည်းသူ့ဘေးကဖြတ်သွားတဲ့လူကိုငဲ့ကြည့်လိုက်တယ်
YOU ARE READING
Beautiful REVENGE (Complete)
Fanfictionမင်းမှန်တယ် ဒါကလက်စားချေတာပဲ ဒါပေမဲ့ ကျေနပ်နေရမယ့်အစား ငါ့ရင်ထဲမှာ ဘာကြောင့်နာကျင်နေရတာလဲ OTP - YOONKOOK🥛🍊 Writer - Yunki (Larryami)🐼 မင်းမှန်တယ် ဒါကလက်စားချေတာပဲ ဒါပေမဲ့ ကျေနပ်နေရမယ့်အစား ငါ့ရင်ထဲမှာ ဘာကြောင့်နာကျင်နေရတာလဲ OTP - YOONKOOK🥛🍊 W...