Yoongi နဲ့ Jungkook တို့ ပြန်အဆင်ပြေသွားကြတာမှန်ပေမဲ့ ဆက်ဆံရေးကတော့ အရင်ကထက်ပိုအေးစက်နေသည်
"Kook မောနေပြီလား"
သူ့အားပြန်မဖြေပဲ ဘေ့စ်ဘောအားအာရုံထားကာ လေ့ကျင့်နေတဲ့ kook အားအလိုက်သိစွာမမေးတော့ပဲ ရေဘူးလေးကိုင်ကာ ထိုင်နေရာသို့ ပြန်သွားလိုက်သည်
ဒီနေ့က မြို့နယ် ပြိုင်ပွဲအတွက် Kook practice လုပ်တဲ့နေ့မို့ သူ Kook အားအချိန်အကုန်လုံးပေးထားပြီး Kook အနားမှာ ကပ်နေမိသည်
ကျောင်းအားကစားကွင်းမှာသာလေ့ကျင့်မယ်ဆိုတဲ့ Kook ကြောင့် သူပါ အားကစားကွင်းထိလိုက်ပေးသည်
ကျောင်းပိတ်ရက်မို့ လူတစ်ယောက်တစ်လေမှမရှိတဲ့ကျောင်းကြီးက ခြောက်ကပ်နေလေရဲ့
သူတို့နှစ်ယောက်သာ ထိုဧကအကျယ်ဆုံး ကျောင်းဝင်းကြီးထဲတွင်ရှိသည်
ချွေးတစ်ဒီးဒီးကျနေတဲ့ Kook က မောဟိုက်နေပုံမရ Kook ကအပြင်ပိုင်းကြည့်ရုံနဲ့တင် ကြံ့ခိုင်မှန်းသိသာသည်
တောင့်တင်းတဲ့ ခန္ဓာကိုယ်နဲ့ ချောမောပြေပြစ်တဲ့ မျက်နှာအချိုးစား လက်မောင်းကြွက်သားကျစ်ကျစ်တို့ကို ပိုင်ဆိုင်ထားသည့် Kook က မိန်းမပျိုတိုင်းလိုချင်တပ်မက်သည့် Type ပင်
ဒီလို ကောင်လေးကို ပိုင်ဆိုင်ထားရလို့ သူအရမ်းကံကောင်းတယ်လို့ တွေးမိတော့ ရင်ထဲ ကြည်နူးစိတ်လေးက လှိုက်ခနဲ
သူ Kook ဆီပြေးသွားလိုက်ရင်း ချွေးသုတ်ပေးမိသည်
သူကံကောင်းလွန်းသည် အခုတော့ သူအမြဲဖြစ်ချင်ခဲ့တဲ့ Kook ဘေးမှာနေရင်း Kook အား ဂရုစိုက်ပေးရမည့်လူဖြစ်လာပြီလေ
"Kook မောနေပြီမလား ခနတော့နားလေ"
"ငါ့ဘာသာနားချင်နားမယ် မနားချင်မနားဘူး ကိုယ့်နေရာကို သွားပြန်ထိုင်နေ"
"မဟုတ်တာ Kook ဖျားမှာစိုးလို့ အခုကလဲ မိုးရာသီကြီး လေကအေးအေးနဲ့ အခု Kook က စွပ်ကျယ်ကြီးနဲ့ကို"
"မင်းဟာလေ စကားအရမ်းများတာပဲ"
"ကျွန်တော်က Kook ကို စိတ်ပူလို့လေ"
![](https://img.wattpad.com/cover/277948402-288-k196166.jpg)
YOU ARE READING
Beautiful REVENGE (Complete)
Fanfictionမင်းမှန်တယ် ဒါကလက်စားချေတာပဲ ဒါပေမဲ့ ကျေနပ်နေရမယ့်အစား ငါ့ရင်ထဲမှာ ဘာကြောင့်နာကျင်နေရတာလဲ OTP - YOONKOOK🥛🍊 Writer - Yunki (Larryami)🐼 မင်းမှန်တယ် ဒါကလက်စားချေတာပဲ ဒါပေမဲ့ ကျေနပ်နေရမယ့်အစား ငါ့ရင်ထဲမှာ ဘာကြောင့်နာကျင်နေရတာလဲ OTP - YOONKOOK🥛🍊 W...