UNICODE 💜Yoongi လှေကားအောက်ကို ဆင်းလာတဲ့ ခြေသံတွေကိုကြားတော့ အပေါ်မော့ကြည့်မိတယ်
အချို့ကျောင်းသား တွေကတော့ သွေးကြောက်ပြီးရပ်ကြည့်နေပေမယ့် လာပြီးဝိုင်ကူသယ်ပေးသူကသယ်ပေးကြတယ်
Jung Suk ကို ဝိုင်းသယ်ပြီး ထွက်သွားကြတော့ Yoongi ပါလိုက်ရတယ်
ဆရာ/ဆရာမ တွေက တွေ့တော့ ဆေးရုံကားခေါ်ကြတယ်
ဆေးရုံကို Jung Suk ရဲ့လူနာရှင်အဖြစ် ကျောင်းဆရာဝန် Pem နဲ့ Yoongi ရယ်နှစ်ယောက်လိုက်သွားကြတယ်
Jung Suk ကိုဆေးရုံရောက်တော့ Operation ခန်းထဲတစ်ခါတည်းခေါ်သွားကြတယ်
Yoongi နဲ့ဆရာ Pem ကတော့ Operation ခန်းရှေ့မှာထိုင်စောင့်နေကြရတယ်
Yoongi ကတော့ ငိုနေတာကြောင့် ဆရာက နှစ်သိမ့်ပေးနေရတယ်
"အာ့... ကျွန်တော့်ကြောင့်ဖြစ်ရတာ အစ်....Suk အခုလိုဖြစ်ရတာ ကျွန်တော့်ကြောင့်"
"မဟုတ်တာ....Yoongi က ဒီလောက်လိမ္မာတာကို ဘယ်လို့လုပ် Yoongi လုပ်တယ်လို့ ဆရာတို့ကယုံရမှာလဲ ဘာမှမဖြစ်ဘူးနော် မငိုနဲ့တော့"
Operation ခန်းကို ပြေးလာတဲ့ ဖိနပ်သံကိုကြားတာကြောင့် Yoongi မော့ကြည့်မိတယ်
"Jung Ko..kook"
"ရား.....မင်း..... Min Yoon gi!!!"
Jungkook အော်လိုက်တာကြောင့် Yoongi ကိုယ်လေးတုန်တက်သွားကာ မျက်နှာကို အောက်ငုံ့ချလိုက်တယ်
ဆရာ Pem ကလည်း Yoongi ကို ပုခုံးကနေဖက်ကာ
"Jung Kook.....မင်းဆေးရုံမှာလာရမ်းကားနေတာလား မင်းအခု ကျောင်းမှာ ရှိနေရမှာမဟုတ်လား"
ဒါပေမဲ့ Jungkook ကဂရုမစိုက်စွာ Yoongi ကို ကော်လံကနေဆောင့်ဆွဲပြီး မျက်နှာနားဆွဲကပ်လိုက်တယ်
Jungkook ရဲ့မျက်နှာက ဒေါသကြောင့် ခက်ထန်နေသည့်အပြင် ထောင်တက်လာသော လည်ပင်းက သွေးကြောတို့ကိုပါ အရှင်းသားမြင်နေရသည်
"မင်း...လုပ်တာမလား Suk ကို....မင်းဖြေ...."
Yoongi ကတော့ ခြေထောက်လေးထောက်ထားရတယ် Jungkook က သူ့ ကော်လံထောင့်အားဆွဲကာ မထားသည်မို့
YOU ARE READING
Beautiful REVENGE (Complete)
Fanfictionမင်းမှန်တယ် ဒါကလက်စားချေတာပဲ ဒါပေမဲ့ ကျေနပ်နေရမယ့်အစား ငါ့ရင်ထဲမှာ ဘာကြောင့်နာကျင်နေရတာလဲ OTP - YOONKOOK🥛🍊 Writer - Yunki (Larryami)🐼 မင်းမှန်တယ် ဒါကလက်စားချေတာပဲ ဒါပေမဲ့ ကျေနပ်နေရမယ့်အစား ငါ့ရင်ထဲမှာ ဘာကြောင့်နာကျင်နေရတာလဲ OTP - YOONKOOK🥛🍊 W...