"ဟား...ဟ့"
Jungkook လက်ထဲက စာရွက်လေးကို ကြည့်လိုက်ရင်း ဟက်ခနဲ ရယ်မိသည်
အစကတည်းက ဒီလိုဟာတွေ မယုံပါဘူးဆိိုမှ အဓိပ္ပါယ်မရှိတာတွေ
Jumgkook ထိုစာရွက်လေးကို ကြည့်ကာလှောင်ပြုံးပြုံးလိုက်ရင်း အိတ်ကပ်ထဲ ပြန်ထည့်မိလိုက်တယ်
ဘာကြောင့် သူလွှင့်ပစ်ချင်စိတ်မရှိတာလဲ ဆိုတာတော့ မစဥ်းစားတတ်
ဒါပေမဲ့ ဒီလိုဟာတွေ သူမယုံတတ်တာတော့ သေချာသည်
ရယ်စရာပဲ Min Yoongi က ကျွန်တော့်အချစ်စစ်မဖြစ်နိုင်ပါဘူး
အချစ်ဦးလည်းဖြစ် ချစ်သူလည်းဖြစ်ခဲ့တဲ့ Jung Suk ကို ကျွန်တော့်အတွက်တော့ မေ့နိုင်ဖို့ခက်လွန်းလှတယ်
ကျွန်တော့်ဘက်က သူ့ကို အကုန်ပုံအောပြီးချစ်ခဲ့ရတာကြောင့်ရော ကျွန်တော့်အတွက်တော့ သူက ကမ္ဘာကြီးပါပဲ
သူလည်း ကျွန်တော့်အပေါ် စိတ်ရှိသေးတယ်လို့ ယုံတယ် သူကျွန်တော့်ကို အဆက်သွယ်မဖြတ်ဘူး
ဒါကျွန်တော့်အတွက် အခွင့်ရေးမို့ ကျွန်တော့်ရဲ့ တစ်ဘဝစာ ရည်ရွယ်ထားတဲ့ အချစ်ဦးကိုတော့ လက်မလွှတ်နိုင်ပါ
အခွင့်ရေးမရှိတော့လို့ မကြိုးစားတာထက် အခွင့်ရေးရှိရဲ့သားနဲ့ မကြိုးစားတာ ပိုနစ်နာတယ်
တစ်ခုပဲ ခက်နေတာက Min Yoongi
ကျွန်တော် တွန်းထုတ်လဲ ပြန်တွယ်ကပ်တယ် ကျွန်တော် ဘယ်လိုနည်းနဲ့လုပ်လုပ် သူကျွန်တော့်အနားကမခွာဘူး
ဒါပေမဲ့ သူဒီလိုလုပ်နေလို့ ကျွန်တော် သူ့ကိုချစ်လာမှာမဟုတ်ဘူး
ကျွန်တော့်ခံစားချက်က သူ့ကို သူငယ်ချင်းထက်မပိုဘူး
သူ့ခံစားချက်တွေကိုလဲ ကျွန်တော်ဆက် မကစားချင်တော့ဘူး
ကျွန်တော်လည်း လက်စားချေနေရတာကို ပင်ပန်းရတယ်
~တစ်နေ့တော့ မင်းငါ့နားက ထွက်သွားဖို့မျှော်လင့်ပါတယ်~
..................
Yoongi အိမ်ပြန်ရောက်တော့ ခြံစောင့်ဦးလေးကြီးက တံခါးတကူးတက လာပြေးဖွင့်ပေးရတာမို့ အားနာမိသည် သူကလည်း အချိန်ဟုတ်အခါမဟုတ်မှ ပြန်ရောက်သည်ကိုး
![](https://img.wattpad.com/cover/277948402-288-k196166.jpg)
ESTÁS LEYENDO
Beautiful REVENGE (Complete)
Fanficမင်းမှန်တယ် ဒါကလက်စားချေတာပဲ ဒါပေမဲ့ ကျေနပ်နေရမယ့်အစား ငါ့ရင်ထဲမှာ ဘာကြောင့်နာကျင်နေရတာလဲ OTP - YOONKOOK🥛🍊 Writer - Yunki (Larryami)🐼 မင်းမှန်တယ် ဒါကလက်စားချေတာပဲ ဒါပေမဲ့ ကျေနပ်နေရမယ့်အစား ငါ့ရင်ထဲမှာ ဘာကြောင့်နာကျင်နေရတာလဲ OTP - YOONKOOK🥛🍊 W...