*ပထမဆုံးဆိုတဲ့အတိုင်း Yoonie က Kook ရဲ့အချစ်ဦးဖြစ်ခဲ့ရင်ကောင်းမှာပဲနော်*
*Kook ရဲ့နှလုံးသားနဲ့ပတ်သတ်တဲ့ အရာရာတိုင်းမှာ ပထမဆုံးဖြစ်ချင်မိတယ်*
Yoongi, Jungkook ကိုလည်းပင်ပေါ်လက်တင်ထားရာကနေ တင်းကြပ်စွာ ပွေ့ဖက်မိတယ်
"Yoongi"
"ဟင်"
"ငါရေနွေး ချိန်ပေးမယ် Bathtub ထဲ မင်းနေသာထိုင်သာရှိတဲ့အထိထိုင် စိမ်နေလိုက်"
"Omm"
Jungkook က Yoongi ကိုချီထားလျက်သာ ရေချိုးကန်ထဲ ရေအပူချိန်ညှိပေးသည်
ရေပြည့်တာနဲ့ Yoongi ကိုရေချိုးဇလုံထဲချပေးလိုက်ပြီး Jungkook က ရေပန်းအောက်မှာရေသွားပြန်ချိုးနေတယ်
Yoongi တစ်ချိန်လုံး ဝတ်စားစလစ်ဖြစ်နေတဲ့ Kook ကိုမကြည့်ရဲဘဲ အကြည့်ရှောင်နေမိသည်
Jungkook ကသာမရှက်တာ သူကတော့ ရှက်နေတာမှ သဲနေရောပင်
Kook က ခနသာ ရေချိုးပြီး ထွက်သွားသည်
Yoongi ကတော့ နာနေတဲ့ ခန္ဓာကိုယ်ကို ရေနွေးလေးထဲ စိမ်နေရတာမို့ တော်တော်သက်သာတာကြောင့် မှေးနေမိတယ်
တော်တော်ကြာမှ သူရေချိုးဇလုံက ထဖို့ကြိုးစားမိတယ်
ဘုန်းးးး"
လဲကျသည့်အသံနဲ့အတူ သူဟာ ရေချိုးဇလုံက ထရာတွင် ကြမ်းပြင်ပေါ် ထပ်ပြန်ကျပြန်တယ်
"အာ့ဟာ့... နာလိုက်တာကွာ Kook ရေ ကျွန်တော့်ကိုလာကူပါဦး"
"Kook"
သူခနန အော်ခေါ်ပေမဲ့ ပြန်ထူးသံမကြားတာမို့ ရှိသမျှအားကုန်သုံးရင် ရေချိုးခန်းလက်ရန်းကို ကိုင်ကာ ရေချိုးခန်းထဲက ထွက်လာလိုက်တယ်
အခန်းထဲ နေရာအနှံ့ကြည့်တော့ Kookကိုမတွေ့ ပြန်သွားပြီထင်ပါရဲ့
Yoongi အိတ်ထဲက အဝတ်စားတွေကို ထုတ်ကာ ယူဝတ်လိုက်ပြီး ထိုအိတ်ဘေးနားမှာ ငိုင်ငိုင်လေးထိုင်နေမိသည်
သူလုပ်တာတွေက မှန်ရဲ့လား
သူက အခုချိန်မှာ ဘယ်လိုလူတစ်ယောက်ဖြစ်နေပြီလဲ
ESTÁS LEYENDO
Beautiful REVENGE (Complete)
Fanficမင်းမှန်တယ် ဒါကလက်စားချေတာပဲ ဒါပေမဲ့ ကျေနပ်နေရမယ့်အစား ငါ့ရင်ထဲမှာ ဘာကြောင့်နာကျင်နေရတာလဲ OTP - YOONKOOK🥛🍊 Writer - Yunki (Larryami)🐼 မင်းမှန်တယ် ဒါကလက်စားချေတာပဲ ဒါပေမဲ့ ကျေနပ်နေရမယ့်အစား ငါ့ရင်ထဲမှာ ဘာကြောင့်နာကျင်နေရတာလဲ OTP - YOONKOOK🥛🍊 W...