Unicode 🌸
"ဝါးးးး မုန့်စျေးတန်းပွဲတော်ကတော့ပြီးသွားပြီ"
အပျင်းဆန့်ရင်း ပြောလိုက်တဲ့ Yoshi ကို ခုံပေါ်မှာမေးထောက်ရင်းအခြားနေရာကို ငေးနေတဲ့ Yoongi လှည့်ကြည့်လိုက်တယ်
"Yoongi မင်းမျက်နှာက ဘာဖြစ်တာလဲ ဆူပုတ်နေတာပဲ"
"ဘာမှမဖြစ်ဘူး"
"ငါသိပါတယ် မင်း.....ဂျောင်ကြီးကို လွမ်းနေတာမလား"
ဘေးဆိုင်က ကျောင်းသားတွေက သူတို့ဆိုင်ဘက်ကို ခေါင်းထွက်ကြည့်လာတာမို့ Yoongi ထိုင်ခုံကနေ ထကာ Yoshi ပါးစပ်ကိုသာပြေးပိတ်လိုက်ရတော့တယ်
"အသံပြဲကြီးနဲ့လိုက်အော်မနေနဲ့ တစ်လောကလုံးကိုသိအောင်လုပ်မလို့လား"
ပြောရင်း Yoshi ပါးစပ်ကို အုပ်ထားတဲ့လက်တွေကိုဖယ်လိုက်တယ်
ဆိုင်သိမ်းနေတဲ့ Tae Hyung က ပစ္စည်းတွေထည့်ထားတဲ့ စက္ကူပုံးတွေတစ်ထပ်လိုက်ကြီး မလာရင်း
"Yoshi"
"ဘာလဲ"
"စကားများမနေနဲ့ အနောက်က စက္ကူပုံးတွေ သယ်ပြီးလိုက်ခဲ့"
"အားးးး မလုပ်ချင်ပါဘူးဆို"
Yoongi ကလည်း ပြုံးစိစိလုပ်ရင်း Yoshi ကိုခါးကနေတွန်းလိုက်ရင်း
"သွားလိုက်ပါ....သွား..သွား.. ငါက ပစ္စည်းတွေထည့်ပေးလိုက်မယ်"
"မင်းမလုပ်ချင်တာနဲ့ပဲ မင်းရောသယ်လေ"
Yoongi နှုတ်ခမ်းကို တင်းတင်းစေ့လိုက်ရင်း Yoshi အား စိတ်မရှည်ချင်တော့ ရေမြောင်းဝိုင်းတူးပေးနေပါတယ်ဆိုမှ ဒီအလိုက်ကန်းဆိုး မသိလေးကတော့
Tae Hyung ကလည်း စိတ်မရှည်တာမို့
"ရတယ် ငါ့ဘာသာ လုပ်လိုက်တော့မယ်"
အဲ့အခါမှ Yoshi ကပြာပြာသလဲနှင့် စက္ကူပုံးတွေပြေးသယ်ပြီး
"အာ...Tae Hyung ငါဝိုင်းကူပေးမယ် စောင့်ဦး"
Yoongi ကအနောက်ကနေ ထိုနှစ်ယောက်အား ပြုံးကြည့်ရင်း ကျန်ခဲ့တော့လေသည်
"Tae Hyung"
Yoshi အသံတိုးတိုးလေးနဲ့ခေါ်လို့က်တော့ လှည့်ကြာ့်လာသူ Tae Hyung
STAI LEGGENDO
Beautiful REVENGE (Complete)
Fanfictionမင်းမှန်တယ် ဒါကလက်စားချေတာပဲ ဒါပေမဲ့ ကျေနပ်နေရမယ့်အစား ငါ့ရင်ထဲမှာ ဘာကြောင့်နာကျင်နေရတာလဲ OTP - YOONKOOK🥛🍊 Writer - Yunki (Larryami)🐼 မင်းမှန်တယ် ဒါကလက်စားချေတာပဲ ဒါပေမဲ့ ကျေနပ်နေရမယ့်အစား ငါ့ရင်ထဲမှာ ဘာကြောင့်နာကျင်နေရတာလဲ OTP - YOONKOOK🥛🍊 W...