~Jaelous~
🖤◽🖤◽🖤◽🖤◽🖤◽🖤◽🖤◽🖤◽
Jungkook ကျောင်းမုန့်စားဆင်းချိန်မှာ အတန်းပိုင်က ကျောင်းအုပ်ရုံးခန်းထဲခေါ်တာမို့ အတန်းပိုင် အနောက်ကနေလိုက်သွားလိုက်တယ်
ကျောင်းအုပ်ရုံးခန်းထဲရောက်တော့ ကျောင်းအုပ်နဲ့ မျက်နှာချင်းဆိုင်ထိုင်နေတဲ့ Yoongi ကိုတွေ့တယ်
သူတို့တွဲနေတာကို ဘယ်သူသိသိဂရုမစိုက်တတ်ပေမဲ့ သိသွားလို့များလားဆိုတဲ့အတွေးနဲ့ ကျောင်းအုပ်ဆီမသွားပဲ ရပ်ကြည့်နေမိတယ်
အတန်းပိုင်က သူ့အားပြန်လှည့်ကြည့်ကာ လှမ်းခေါ်လိုက်သည်
"Jungkook လာလေ"
"...."
သူ ကျောင်းအုပ်ရှေ့သွားလိုက်ပြီး Yoongi ဘေးက ထိုင်ခုံလွတ်မှာထိုင်လိုက်တယ်
"ကဲ Jungkook လဲရောက်ပြီဆိုတော့ ပြောစရာရှိတာပြောရအောင်"
Yoongi က ခေါင်းငြိမ့်ရင်း
"ဟုတ် ဆရာ''
Jungkook ကတော့ ကျောင်းအုပ်စကားကို တည်တည်ငြိမ်ငြိမ်နဲ့ ပြန်ဖြေတဲ့ Yoongi ကို စောင်းကြည့်နေတယ်
"Jungkook ကို ဆရာခေါ်လိုက်ရတဲ့အကြောင်းအရင်းက ဘေ့စ်ဘောနဲ့ပတ်သတ်ပြီး သား မြို့နယ် ပြိုင်ပွဲကိုဆက်ပြိုင်ရမယ် အဆင်ပြေမလား"
"ကျွန်တော်တစ်ယောက်တည်းလား အခြားအဖွဲ့ဝင်တွေကရော"
"သားက လက်ရွေးစင်လေ အဲ့တာကြောင့် ဒီမြို့နယ်အတွင်းက လက်ရွေးစင်တွေနဲ့ပေါင်းပြီး ပြိုင်ရမှာ"
"ပျင်းဖို့ကောင်းလိုက်တာ"
"ပြိုင်မယ်မှတ်လား "
"မပြိုင်ချင်ပါဘူး ကျွန်တော်မအားဘူး"
"လုပ်ပါ ဆရာတို့ ကျောင်းအတွက် သားကို အားကိုးပါတယ်"
"အဲ့တာဆို တစ်ခုဖြေပေးမလား"
"ပြောလေ ဖြေပေးမှာပါ"
"ဒီနှစ် Baseball ပွဲမှာ ကျွန်တော်တို့အသင်းရဲ့ လာဘ်ကောင်က ဘယ်သူလဲ"
BINABASA MO ANG
Beautiful REVENGE (Complete)
Fanfictionမင်းမှန်တယ် ဒါကလက်စားချေတာပဲ ဒါပေမဲ့ ကျေနပ်နေရမယ့်အစား ငါ့ရင်ထဲမှာ ဘာကြောင့်နာကျင်နေရတာလဲ OTP - YOONKOOK🥛🍊 Writer - Yunki (Larryami)🐼 မင်းမှန်တယ် ဒါကလက်စားချေတာပဲ ဒါပေမဲ့ ကျေနပ်နေရမယ့်အစား ငါ့ရင်ထဲမှာ ဘာကြောင့်နာကျင်နေရတာလဲ OTP - YOONKOOK🥛🍊 W...