Jungkook အခန်းထဲမှာထိုင်မနေတော့ဘဲ အားယူကာထပြီး Yoongi ကိုကြိုးစားရှာဖို့လုပ်တယ်
အစိတ်စိတ်အမွှာမွှာကွဲလုနီးပါးဖြစ်နေတဲ့ အသည်းလေးကို လျစ်လျူရှုလျက် အားတင်းထားရသည်မို့
Yoongi ကိုမှ ရှာမတွေ့ရင် သူ့နှလုံးသားလည်း ကောက်စရာမရှိအောင်ကို ကွဲကြေသွားတော့မှာမို့လေ
Yoongi ကို အရမ်းအငိုသန်တယ် နားညီးတယ်လို့များပြောခဲ့လို့ ဝဋ်လည်နေလားမသိ အမေဆုံးပြီးတော့ မျက်ရည်မလွယ်တတ်တော့တဲ့ သူက အခုတော့ မျက်ရည်တွေက တာကျိုးသလို မကုန်ခမ်းနိုင်အောင် ဖြစ်နေတော့လေသည်
Yoongiကိုရှာဖို့ရန် တိုက်ခန်းထဲက ထွက်လာပြီး ကားပေါ်တက်ပြီးလို့
Seat belt ကိုတပ်အပြီး စတီယာရင်ကို ကိုင်လိုက်တော့
ကျောင်းယူနီဖောင်းလေးနဲ့ သူ့ကိုကျောပေးထားတဲ့ ဖြူဖြူသေးသေးကောင်လေးက သူ့မျက်လုံးထဲပေါ်လာပြီး
သူ့ကိုပြန်လှည့်ကာ ပြုံးပြလာတာလေးက စိတ်အာရုံထဲခနန ပေါ်လာသည်မို့
ကားစတီယာရင်ကို ဖိကိုင်ရင်း မျက်လုံးကို စုံမှိတ်တော့
ပိုလို့ပင် ထင်ရှားစွာမြင်ရလာလေသည်
"ကိုယ့်ကို ဘယ်လိုတွေတောင် ပြုစားရက်တာလဲကွာ ဒီလောက်ဆို....ဒီလောက်ဆို... လုံလောက်ပါပြီ ကိုယ်နောင်တတွေလဲ ရနေပါပြီကွာ"
Jungkook အံ့ကြိတ်ပြီး ပြတ်တောင်းစွာ ငိုရင်း စယာရင်ပေါ် နှဖူးအပ်မိလေသည်
"ကိုယ်မင်းကို ပြန်လိုချင်တယ်"
>>>>
Jungkook စဥ်းစားမရသည့်အဆုံး Yoongi တို့ရဲ့အိမ်ရှေ့ရောက်လာခဲ့လေသည် Yoongi ကိုအမွေဖြတ်ထားမှန်းသိပေမဲ့လည်း
Yoongi လာနိုင်တဲ့ နေရာဆိုလို သူဒီနေရာပဲသိသည်လေ
ညဖက်ကြီးဖြစ်ပေမဲ့ အိမ်ကြီးရှေ့ Jungkook ကားဟွမ်းကို ဆက်တိုက်နှိပ်နေမိတယ်
တီ...တီ...တီ..တီ
အိမ်ကြီးရဲ့ ခြံတံခါးက ပွင့်လာပြီး လူတစ်ယောက်က သူ့ဆီကို ကုပ်ကုပ်ကုပ်နဲ့ ပြေးလာတယ်

ČTEŠ
Beautiful REVENGE (Complete)
Fanfikceမင်းမှန်တယ် ဒါကလက်စားချေတာပဲ ဒါပေမဲ့ ကျေနပ်နေရမယ့်အစား ငါ့ရင်ထဲမှာ ဘာကြောင့်နာကျင်နေရတာလဲ OTP - YOONKOOK🥛🍊 Writer - Yunki (Larryami)🐼 မင်းမှန်တယ် ဒါကလက်စားချေတာပဲ ဒါပေမဲ့ ကျေနပ်နေရမယ့်အစား ငါ့ရင်ထဲမှာ ဘာကြောင့်နာကျင်နေရတာလဲ OTP - YOONKOOK🥛🍊 W...