Part.65
____________________________
Lovely 'FUJOSHI' Empress
____________________________
ချစ်သော 'Fujoshi' မိဖုရား
____________________________ချန်ရှင်း သူအခုဘယ်လောက်ထိစိတ်ဓာတ်ကျနေသလဲဆိုတာ သူသာလျှင်အသိဆုံးဖြစ်၏။
သူဘာကြောင့်များ အားနေသူ့ကိုပဲကလိချင်နေသည့် အရှင့်သားနဲ့အပြင်ကိုထွက်လာရပါသနည်း။သူအဆောင်ထဲမှာပဲထိုင်ပြီး ပန်းချီဆွဲ ချင်ပါတယ်လို့! T_T
"မင်းကိုကြည့်ရတာ ကိုယ်တော်နဲ့အခုလိုအပြင်ထွင်ပြီးလည်ရတာ မကြိုက်နှစ်သက်ပုံပဲ"
"မဟုတ်ရပါဘူး အရှင့်သား ... အရှင့်သားနဲ့အခုလိုအပြင်တူတူထွက်ရတာဟာ ဒီတစ်သက်ပြောမကုန်နိုင်လောက်တဲ့အထိဂုဏ်ယူဖွယ်ရာကြီးပါ အရှင့်သား တစ်နေ့မှာ ကျွန်တော်မျိုးတစ်ယောက်သားမြေးမြစ်တွေရှိလာတဲ့အခါ ဒီအဘိုးဟာ တိုင်းပြည်ရဲ့အရှင့်သားနဲ့အတူ အပြင်ထွက်အလုပ်တူတူလုပ်ခဲ့တာပါဆိုပြီး စမြုံပြန်ကြွား၀ါခွင့်တောင်ရလို့ သေတောင်ပျော်နေပါပြီအရှင့်သား"
ငါ ... ငါ့ဒီပါးစပ်ကိုပိတ်ရိုက်ချင်လိုက်တာ။
ငါဒီရှက်စကားတွေကိုပြောထွက်တဲ့ကိုယ့်ကိုယ့်ကိုယ်တောင် ချီးကျူးလွန်းလို့အာဘွားတွေတကယ်ပေးချင်လာပြီ။ချန်ရှင်း သူ့ရဲ့မြှောက်ထိုးပင့်ကော်ဖားယားမှုစကားတွေကို အရှင့်သားဘယ်လိုတုန့်ပြန်သလဲသိချင်တာကြောင့် မျက်လုံးလေးကိုထောင့်ကပ်၍အသာခိုးကြည့်လိုက်သည်။
သို့သော် သူမြင်လိုက်ရသည့်မျက်နှာအမူအရာကြောင့်လုံး၀ထိတ်လန့်သွားရသည်။နူတ်ခမ်းထောင့်စွန်းလေးများအနည်းငယ်ကော့တတ်နေပြီး မျက်၀န်းများတွင်ရွှယ်မြူးရိပ်သန်းကာ မေးလေးပင်အနည်းငယ်မော့နေသေးပေသည်။
သူက...လုံး၀ကိုကျေနပ်နေတာပဲ။
ဒီလိုအဖားအမြှောက်အပင့်ကိုသူကြိုက်မှန်းငါမသိခဲ့ဘူး။
ဒါ...............
အရှက်မမဲ့လွန်းဘူးလားဟင်။သူ၏မြှောက်ပင့်မှုကိုကျေနပ်နေပုံပေါ်သည့်မျက်နှာနဲ့မသက်ဆိုင်စွာ အရှင့်သား၏ပါးစပ်မှထွက်လာသောစကားများကတော့အဆိက်အတောက်ဖြစ်နေဆဲပင်။

BẠN ĐANG ĐỌC
ခ်စ္ေသာ'Fujoshi'မိဖုရား/ချစ်သော'Fujoshi'မိဖုရား
Tiểu thuyết Lịch sử၂၁ရာစုဘေကျင်းမြို့မှာနေထိုင်တဲ့'ပေ့ရှောင်ဝေ'... ဘေကျင်း..တက္ကသိုလ် မှာ Computer Science major ဖြင့်ပညာသင်နေသည့်သူမ... Uke လေးများ၏မားအဖြစ်ခံယူထားသည့်သူမ... ရုတ်တရက် မမျော်လင့်ဘဲ Time Travel ဆိုသည့်ကိစ္စနှင့်ကြုံတွေ့သည့်အခါ...