အပြစ်ဒဏ်(Z,U)
14.6K 1.7K 223
Part.34
Lovely Fujoshi Empress
____________________
"အရှင်မင်းကြီး...ကျွန်တော်မျိုးတို့စကားကလွန်ကဲလှသည်ရှိသော်လည်း...အရှင်းမင်းကြီးအတွက်မျိုးဆတ် ဆက်ခံသူရှိဖို့ကအရေးကြီးပါတယ်...ဒါ့ကြောင့် လွပ်လပ်နေသောတိုင်းပြည်၏မိခင်နေရာအတွက် ..."
"မောင်မင်းအသက်မရှင်ချင်တော့ဘူးလား..."
"အရှင်မင်းကြီးကဒီကျွန်ကိုသက်မယ်ဆိုလည်းသေရဲပါတယ်  ကျွန်တော်မျိုးကတော့ဖြစ်သင့်တာကိုလျှောက်တင်..."
"ကောင်းပြီ  ဒါကမောင်မင်းရဲ့တောင်းဆိုချက်ဘဲ ရဲမက်တို့ ဒီဝန်မင်းကို ဆွဲခေါ်သွားပြီ ကြိမ်ဒဏ် နှစ်ရာခက်စေ ပြီးရင်သူ့ရဲ့  အမတ်မင်းဝတ်စုံကိုချွတ်ပြီး နွားချေးကျုံးနေရာမှာအလုပ်ခန့်စေ,."
"အရှင်မင်းကြီး  စိတ်လက်မာန်ပါမလုပ်ပါနဲ့ အရှင်မင်းကြီး "
သူ့မြင်ကွင်းမှ ထိုအမတ်အားဆွဲခေါ်သွားသည်အထိကြည့်နေပြီးမှ ကျန်သည့် ညီလာခံအတွင်းရှိအမတ်များထံ အာရုံပြန်ထားလိုက်သည်။
ကြောက်ရွံ့တုန်လှုပ်နေသည့်မျက်နှာများအားမသိကျေးကျွန်ပြုလျက် ထိုအမတ်များအား သူ၏အမိန့်အားထပ်မံမိန့်သည်။
" မောင်မင်းတို့ဘက်က နောက်ထပ်များ ငါကိုယ်တော်ရဲ့ မိဖုရားနေရာအတွက်မေးခွန်းထုတ်လာဦးမယ်ဆိုရင်သူ့လိုဘဲ အဆုံးသတ်ရလိမ့်မယ်  ငါကိုယ်တော်ရဲ့ ချစ်မိဖုရားကြီး တိုင်းပြည် ၏မိခင်နေရာက အမြဲတမ်း ပေ့ရှောင်ဝေ မယ်မယ်အတွက်ဘဲ ဒါ ကိုမကျေနပ်တဲ့သူ ရှိရင် ငါကိုယ်တော်တိုင်ခေါင်းဖြတ်ကွပ်မျက်မယ် "
"မှန်လှပါ ဘုရား"
"သင့်မြတ်လှကြောင်းပါဘုရား"
"ညီလာခံသိမ်းမယ်"
ညီလာခံခန်းမအပြင်သို့ရောက်သည်နှင့် သူမြိုသိပ်ထားရသည့်ဒေါသအား အပြစ်မရှိသည့် နန်းရင်ပြင်တိုင်ထံအပြစ်ပုံ၍ထိုးချလိုက်သည်။
သူ၏ဒေါသထွက်မှုအတွက်မည်သူမျှလည်းမတားဆီးရဲပေ။
မျက်မှောင်ကြုတ်လျက် အေးစက်စက်အငွေ့အသက်များထုတ်လွှတ်နေသည့် အရှင်မင်းကြီးကြောင့် အထိန်းတော်။အပျိုတော်များ ဒူးတုန်လာကြသည်။