ဆက်ခံသူပြဿနာ(Z,U)
12.6K 1.9K 280
Part.35
Lovely 'Fujoshi' Empress
………………………………………
နန်းတော်အတွင်း ကျောက်စိမ်းဆောင်မူးမတ်သဘင်ညီလာခံခန်းမ အတွင်းတွင် မူးကြီးမတ်ယာ များတန်းစီရပ်နေကြသည်။
မိဖုရားကြီးသတိရပြီဟု သတင်းကြားသိရသဖြင့် အတိုင်းမသိပျော်ရွှင်ရပါသည်။
သူတို့တိုင်းပြည်အတွက်ဆတ်ခံသူရှိနိုင်ချေပြီ။
သို့သော် ပျော်ရွှင်မှုက ခဏတာသာ မိဖုရားကြီးသည် အရှင်မင်းကြီးအားနန်းအိပ်ဆောင်အတွင်းမဝင်ခိုင်းသည်မှာ တစ်လတိတိရှိပြီဖြစ်သည်။
ဘာအကြောင်းတရားများစိတ်ကွပ်စရာရှိလို့ပါလိမ့်။
ဒီပုံစံအတိုင်းဆို ဆက်ခံသူ ကို ဘယ်ကထုတ်ရမှာလဲ။
ကုန်းကုန်းများ အပျိုတော်များ ထွက်လာပြီဖြစ်၍ ရေမြေ့အရှင်သခင် ကြွမြန်းလာပြီဆိုတာ သိသည်ဖြစ်၍ မူးမတ်အပေါင်းခေါင်းငုံ့ထားကြသည်။
"မိဖုရားကြီး ကြွချည်လာပါပြီ"
ခေတ္တခဏ နန်းတော်အတွင်းတိတ်ဆိတ်သွားသည်။
ထို့နောက် မူးမတ်အပေါင်းတပြိုင်နက်ခေါင်းမော့ကြည့်မိကြသည်။
အရှင်မင်းကြီး ကြွချည်လာပါပြီ လို့အော်ရမှာမဟုတ်ဘူးလား။
အများသူငှာအတွေးများမဆုံးသေးခင်သတ်သေပြရန်အတွက် မိဖုရား ကြီးသည် ဝံ့ကြွားသောဟန်ပန်ဖြင့်ထွက်ပေါ်လာပေသည်။
သူမ၏အကြည့်က သူတို့ထံရောက်လာသည့်အခါ တစ်လောက လုံးသူမလုပ်စာထိုင်စားနေသကဲ့သို့။
ဘာမထီအကြည့်။
သူမသည် ရာဇပုလ္လင် ကိုတစ်ချက်စောင်ငဲ့ကြည့်သဖြင့်အားလုံးစိတ်လှုပ်ရှားသွားကြသည်။
သူမ ထိုနေရာမှာထိုင်မလို့လား။
သို့သော်အထင်နှင့်အမြင်လွဲသွားချေသည်။
သူမသည် ပုလ္လင် တွင်မထိုင်ဘဲ ပုလ္လင် အောက်အဆင့် လှေကားထစ်တွင် ထိုင်ချလိုက်လေသည်။
"………"
အားလုံး ရုတ်တရပ်ဘာပြောရမှန်းမသိတော့။
ရာဇပုလ္လင်ထက် မစံမြန်းတော်မူလို့ ချီးကျူးသင့်လား။
အခုလို အိနြေ္ဒမဲ့နေထိုင်လို့ အပြစ်တင်သင့်လား။
အားလုံးသောသူများ ထိုအချင်းအရာအားကြည့်ပြီးဗျာများနေကြပေမယ့် သူတို့နှင့်မတူ  ရေပြင်အလား တည်ငြိမ်နေကြသူ လေးယောက်တိတိရှိလေသည်။