ရှင်းတမ်း(Zaw+Uni)
13.2K 1.8K 455
Zawgyi
Part.39
........................................
.........................................
Lovely "Fujoshi" Empress
____________________________
"သခင်​​လေး...သခင်​​လေးအတွက်​စား​တော်​ပွဲပါ...သုံး​ဆောင်​ပါဦး..."
ချန်​ရှင်း သူ့အ​ရှေ့က ပိုးဖဲကတီပါနှင့်​ခင်းကျင်းပြင်​ဆင်​ထားသည့်​စားပွဲကိုအတန်ကြာ​ငေးကြည့်​​နေမိသည်​။
သူ..ဒီလို လူတစ်​​ယောက်​လိုမျိုးမစားခဲ့ရတာဘယ်​​လောက်​ကြာခဲ့ပြီလဲ။
နေ့တိုင်း တ​စ်​​နေ့ ထမင်းတစ်​နပ်​သာစားရပြီး စားရသည့်​ထမင်းမှာလည်း ဝက်​သာနှင့်​မခြား၊ထမင်းကျန်​ဟင်းကျန်​နှင့်​သာ ​နေ့စဉ်​ဘဝကိုဖြတ်​သန်းခဲ့ရသည်​။
သူခုံမှာဝင်​ထိုင်​ပြီးကိုယ့်​ကိုယ်​ကိုလည်း ငုံ့ကြည့်​မိသည်​။
စိမ်းနု​ရောင်​ ဘရိုကိတ်​ ဝတ်​စုံကိုဝတ်​ဆင်​ထားပြီး နူးညံ့ ​သောဖိနပ်​ကို စီးထားရသည်​။
ငါ...ဒီလို​တောက်​​တောက်​​ပြောင်​​ပြောင်​မဝတ်​ခဲ့ရတာ​ရောဘယ်​​လောက်​ကြာခဲ့ပြီလဲ။
"သခင်​​လေး.. .ပွဲ​တော်​ သုံး​ဆောင်​ပါဦး.. .မကြိုက်​တာများရှိရင်​​ပြောပါ​နော်​..ချက်​ချင်း ပြန်​ပြင်​ဆင်​​ပေးပါ့မယ်​..."
"ဒီက အစ်​မတို့ ကျွန်​​တော့်​ကို ဘယ်​သူကအခုလို ..."
"​နောက်​ကျရင်​သိရမှာပါ...အရင်​စားပါဦး​နော်​..."
သူ့အ​မေးကိုဖြတ်​​ဖြေသည့်​ ပန်းနု​ရောင်​ဝတ်​ အပြုံး နုနု​လေးဖြင့်အစ်​မ​လေးကိုသူ​သေချာကြည့်​မိသည်​။သူမတို့ပုံစံကသူ့အားအန္တရာယ်​တစ်​စုံတစ်​ရာ​ပေးမည့်​ပုံမ​ပေါ်​ပေ။
"ဒါဆို ကျွန်​​တော်​အားမနာ​တော့ဘူး​နော်​...."
ချန်​ရှင်း သက်​ပျင်းသုံးခါချပြီး..စိတ်​လှုပ်​ရှား စွာတူကိုကိုင်​လိုက်​သည်​။
ထို့​နောက်​ သူ့​ရှေ့ရှိ ဟင်းအားအရသာခံ၍ဝါးကြည့်​သည်​။
ဟင်း၏နူးညံ့မှု​နှင့်​​မွှေးပျံ့မှုက သူတစ်​ခါမှမကြုံ​တွေ့ဖူး​ပေ။
ဒီအရသာက....ငါသခင်​​လေးဘဝတုန်းကထက်​​တောင်​​ကောင်း​နေပါလား။
ဒါ​တော်​ရုံလူမချက်​နိုင်​ဘူး။
ငါ့ကိုကယ်​တဲ့သူကဘယ်​သူလဲ။
ငါသတိရတုန်းက မိန်းက​လေး လား။
အဟတ်​...မဟုတ်​​လောက်​ပါဘူး။