Unicode
Part.66
____________________________
Lovely 'FUJOSHI' Empress
____________________________
ချစ်သော 'Fujoshi' မိဖုရား
____________________________နျိုကျစ်ဟန် သူ့အရှေ့ရှိ လူအိုကြီးဖူကိုကြည့်ပြီး နှာခေါင်းတစ်ချက်ရှုံ့လိုက်သည်။
ဒီအဘိုးကြီးရဲ့ ဟိုး ဟိုး ဟိုး...မျိုးဆက်ကကုန်းကုန်းကပြောတယ်!
ငါကိုယ်တော်က ...ငါကိုယ်တော်က...အား!!!
သောက်ကျိုးနည်းပဲ!
ငါကိုယ်တော်မှာရောဂါရှိနေတယ်ဟုတ်စ!
မင်းသာရောဂါရှိတာ!
မင်းတို့တစ်ဆွေလုံးတစ်မျိုးလုံးသာရောဂါရှိတာ!"မောင်မင်းအရင်ထိုင်လိုက်ပါဦး~"
သူ့အတွင်းနှလုံးသာထဲမည်မျှပင်လောင်ကျွမ်းပေါက်ကွဲတော့မလိုဖြစ်နေပါစေ သူ၏နူတ်ခမ်းအထက်တွင်တော့ အင်မတန်ချိုမြိန်လှသည့်အပြုံးလေးမှာဖူးပွင့်နေလေသည်။
လေသံမှာဆိုရင်လည်း ချိုအေးကြည်လင်လို့နေလေသည်။လူအိုကြီးဖူဆိုသူသည် ကတုန်ကယင်အမူအရာဖြင့် စားပွဲအရှေ့တွင်၀င်ထိုင်နေလေသည်။လူအိုကြီးဖူ၏ ကိုယ်မှာ တုန်ယင်နေရုံသာမက ကိုယ်ကိုပါအတင်းအဓ္ဓမကျုံ့ထားသောကြောင့် သူ့မျက်လုံးထဲ မုန့်ကြိုးလိမ်သဖွယ်ဖြစ်နေပေသည်။
"အဟမ်း!ဒီမင်းသား မောင်မင်းကိုအခေါ်ရှိရတာက အချို့ကိစ္စပြေစရာရှိလို့ပဲ"
လူအိုကြီးဖူ"...?"
သူ့အား ကြောက်ရွံ့နေပါသော်လည်း အချို့ကိစ္စ ဆိုသည့် အရာကသူ့လိုအတင်းအဖျင်းပြောသူကိုဆွဲဆောင်လိုက်နိုင်သဖြင့် မျက်လုံးများမှာတလတ်လတ်တောက်ပနေသော လူအိုကြီးဖူ ကိုကြည့်ပြီး နျိုကျစ်ဟန် ခမျာ ဩချမိသွားသည်။
မဟုတ်မှ...ငါတော့ခြိမ်းခြိမ်းခြောက်ခြောက်ပြောမှရတော့မယ်ထင်တယ်၊မဟုတ်ရင် ငါအခုပြောလိုက်တဲ့ကိစ္စက တစ်စိတ်ကိုတစ်အိတ်လုပ် မင်းသားလေး၃က ညစ်ညမ်းတဲ့ပုံပြင်တွေပြောခိုင်းနေပါတယ်ဆိုပြီး သူ၏သီတင်းမှာဟိုလေးတကြောကြောဖြစ်သွားနိုင်ပေသည်။
"မောင်မင်းသိထားရမှာက အခုကိစ္စက မောင်မင်းရဲ့အသက်နဲ့ထပ်တူညီတဲ့အလုပ်ပဲ..."
YOU ARE READING
ခ်စ္ေသာ'Fujoshi'မိဖုရား/ချစ်သော'Fujoshi'မိဖုရား
Historical Fiction၂၁ရာစုဘေကျင်းမြို့မှာနေထိုင်တဲ့'ပေ့ရှောင်ဝေ'... ဘေကျင်း..တက္ကသိုလ် မှာ Computer Science major ဖြင့်ပညာသင်နေသည့်သူမ... Uke လေးများ၏မားအဖြစ်ခံယူထားသည့်သူမ... ရုတ်တရက် မမျော်လင့်ဘဲ Time Travel ဆိုသည့်ကိစ္စနှင့်ကြုံတွေ့သည့်အခါ...