အ​မှောင်​ထဲကသူ(Z.U)
13K 1.5K 121
Part.31
________________________
________________________
Lovely Fujoshi Empress
________________________
"ငါကိုယ်​​တော်​...တိုင်းခန်းလှည့်​လည်​စဉ်​အခါက လုပ်​ကြံမှုတစ်​ခုကြုံ ​တွေ့ခဲ့ရတယ်​....ကံ​ကောင်းအ​ကြောင်းလှလို့​သေကံမ​ရောက်​..အသက်​မ​ပျောက်​ခဲ့ရတယ်​...ဒါကို...​မောင်​မင်း...တို့လည်းသိပြီး​ရော​ပေါ့..."
"မှန်​လှပါအရှင်​မင်းကြီး..."
"အင်း...ငါကိုယ်​​တော်​လည်းအဲ့ဒီအချိန်​အခါတုန်းက​တွေးမိတယ်​...ငါဧကရာဇ်​မင်းမြတ်​က လူအများအမြင်​မကြည်​စရာများအ​တော်​လုပ်​ခဲ့မိသလားလို့....​"
"မှန်​လှပါအရှင်​မင်းကြီး.. အဲ....မဟုတ်​မှန်​လှ​ကြောင်းပါအရှင်​မင်းကြီး..."
သူ့အား​ထောက်​ခံပြီးမှ မဟုတ်​ပါဘူးဟုပြန်​ငြင်းဆန်​သမှုပြု​နေကြသည့်​  အမတ်​များကိုကြည့်​ပြီး ​ဘေးနားရှိ ​ကျောက်​စိမ်းတံဆိတ်​တုံးဖြင့်​ ​ကောက်​ထုချင်​စိတ်​​ပေါက်​သွားသည်​။
ထပ်​​နေလျှင်​တကယ်​လုပ်​မိ​တော့မှာဖြစ်​၍ ညီလာခံမှအမြန်​ပြန်​ရန်​သာ ဆုံးဖြတ်​လိုက်​ သည်​။
ကုန်းကုန်း ကို​ခေါင်းတစ်​ချက်​ဆ​​တ်​ပြသည့်​အခါ...အရိပ်​သုံးပါး နားလည်​သည့်​ ကုန်းကုန်း ကထုံးစံမပြတ်​အသံဆိုးဖြင့်​ထ​အော်​သည်​။
"ညီလာခံသိမ်းမယ်​..."
သူလည်းရာဇပလ္လင်​မှ ထပြီးစာကြည့်​​ဆောင်​သို့သာ​ခြေလှမ်းများကိုဦးတည်​မိသည်​။
ပြီးကာမှ ထပ်​​တွေးမိသည်​။
သူဒီ​နေ့တစ်​​နေ့အလုပ်​မလုပ်​ဘဲ​နေမည်​ဟု။
ထို့​ကြောင့်​...ကိုယ်​ခံပညာ​လေ့ကျင့်​ရာ​လေ့ကျင့်​ကွင်းသို့သာပြန်​လည်​​ခြေဦးလှည့်​မိသည်​။
လမ်းတစ်​၀က်​အ​ရောက်​တွင်​...
"ဖန်းလင်​..အရှင်​မင်းကြီး ကိုဂါဝရုပြုပါတယ်​..."
"အိုး..ညီ​တော်​..​မောင်​မင်းဒီမှာဘာလုပ်​​နေတာလဲ..."
"ကျွန်​​တော်​မျိုး...ဥယျာဉ်​​တော်​အတွင်းလိုအပ်​သည့်​ ပစ္စည်းပစ္စယ အချို့သွားဝယ်​မလို့ပါ...."