Unicode
Part.60
____________________________________
Lovely 'FUJOSHI' Empress
____________________________________
ချစ်သော 'Fujoshi' မိဖုရား
____________________________________မယ်မယ်၏ အစေခံကောင်မလေးက သူ့အားဝင်ခွင့်ပြု၍ မယ်မယ်ရှိရာသို့ဦးဆောင်သွားလေသည်။
လှပကျယ်ဝန်းသောဥယျာဥ်ကြီးတစ်ခုနှင့်အဖြူရောင်ကျောက်စိမ်းခုံ၊စားပွဲတို့ကိုသာတွေ့လိုက်ရပြီး မယ်မယ်ကိုတော့အရိပ်ပင်မမြင်ရသေးပေ။ရုတ်တရက် သူ့မျက်လုံးအနောက်မှအအုပ်ခံလိုက်ရသဖြင့် ထိတ်လန့်သွားပြီးခါမှ အနောက်မှ ရယ်သံခပ်သဲ့သဲ့နဲ့စကားသံကိုကြားလိုက်ရသည်။
"ဒီမယ်မယ်ကိုအဲ့လောက်တောင်မှလွမ်းနေလို့ အခုလိုလာတွေ့ရတာလား ဒုတိယသားတော်လေး..."
ထင်တဲ့အတိုင်းဘဲ၊အနေအထိုင်မဆင်ခြင်တဲ့ သူ့ရဲ့ပရမ်းပတာမယ်တော်။
ပြီးတော့ ဘယ်သူကများ သူ့လွမ်းလို့လာတယ်လို့ပြောလို့လဲ ကိုယ့်ကိိုကို ကို လွမ်းလို့လာတာကို။
လာလာချည်သေး။
သူ့ကိုတော့ မဆိုသလောက်သေးသေးလေးသာလွမ်းတာပါနော်။"ဖုန်းအာ...မယ်မယ်ကိုဂါဝရပြုပါတယ်"
သူ့မျက်လုံးအုပ်ခံထားရသည်မှလွတ်သွားပြီဖြစ်၍ အရှေ့တွင် လှချင်တိုင်းလှ ယွချင်တိုင်းယွနေသည့် အဖြူရောင် ဝတ်စုံနဲ့မယ်မယ်ကိုတွေ့လိုက်ရပေသည်။
"ငါ့သားလေးကိုကြည့်စမ်းပါဦး လှလာလိုက်တာ များ တစ်သားမွေးတစ်သွေးနု အုဟု...အသည်းယားပြီးကိုက်စားချင်စရာကြီး!!!"
ဘယ်လိုစကားကြီးလဲ!!!
တစ်သားမွေးတစ်သွေးနု ရအောင် ကျွန်တော်က ကိုယ်ဝန်ဆောင်ပြီးကလေးမွေးထားတဲ့သူမှမဟုတ်တာလို့!!!သူစိတ်ရှည်စွာဖြင့် မျက်လုံးသာလှန်လိုက်မိတော့သည်။
သူ့မယ်မယ်က..နဂိုကတည်းကဒီလိုပါဘဲလေ။
သူ့ပါးစပ်ကထွက်သမျှစကားတွေကို ပုံသေလိုက်တွက်နေလို့ကတော့ နောက်နေ့မကူးခင်ရူးသွားလိမ့်မယ်။
ဒီအတိုင်း ငါလှပချောမောလာလို့ ချီးကျူးတာလို့သတ်မှတ်လိုက်ပါ့မယ်လေ။အင်း...ဒီပုံစံအတိုင်းဆို ကျန်းကိုကိုတော့ အတော်လေးကိုရင်ခုန်တော့မှာဘဲ..အဟစ်! ငါတအားချော ၊ တအားလှလာတယ်ဆိုတော့လေ...။
أنت تقرأ
ခ်စ္ေသာ'Fujoshi'မိဖုရား/ချစ်သော'Fujoshi'မိဖုရား
أدب تاريخي၂၁ရာစုဘေကျင်းမြို့မှာနေထိုင်တဲ့'ပေ့ရှောင်ဝေ'... ဘေကျင်း..တက္ကသိုလ် မှာ Computer Science major ဖြင့်ပညာသင်နေသည့်သူမ... Uke လေးများ၏မားအဖြစ်ခံယူထားသည့်သူမ... ရုတ်တရက် မမျော်လင့်ဘဲ Time Travel ဆိုသည့်ကိစ္စနှင့်ကြုံတွေ့သည့်အခါ...