ချစ်​ခြင်းည(Zawgyi,Unicode)

19.1K 2K 251
                                    

Unicode

Part.26
.....................
ချစ်သော'Fujoshi'မိဖုရား

♥ Lovely Fujoshi Empress♥
______________________________

"ချစ်ဇနီး.. .ထတော့မိုးလင်းပြီ..ကိုယ်တော်တို့မြို့ကို၀င်ရဦးမယ်..."

သူ့ရင်ခွင်အတွင်းတွင်မှီလျက်အိပ်ပျော်နေသောချစ်ဇနီးရဲ့ ဦးခေါင်း မှဆံနွယ်လေးများကိုအသာဖွ၍နိူးလိုက်သည်။

မျက်လုံးတော်အားဖွင့်တော်မမူသေးဘဲ တစ်ချက်ညီးသံပြု၍ သူ့အားတင်းကျပ်စွာတိုးဖတ်နေသည့်ချစ်ဇနီးကြောင့် သူ့ နှလုံးတော်ကမူမမှန်ချင်အောင်အခုန်မြန်လာရတော့သည်။

ကိုယ်တော်ကိုပြုစားလွန်းတယ်ချစ်ဇနီး။

ယမန်နေ့က မသမာသူအကျင့်ပျက်အမှုထမ်းတွေ၏လိုက်လံဖမ်းဆီးမှုကြောင့်ထွင်ပြေးတိမ်းရှောင်ရင်းယခုတောတွင်းတစ်နေရာတွင်ပုန်းခိုနေရခြင်းဖြစ်သည်။
ယခု..အရှေ့ရှိမြို့ ကိုခရီးဆတ်ရပေမည်။

လုပ်ကြံသူတွေရန်တော့ရှင်းလောက်ပေမည်။

အစ်ကိုတော်နှင့်စစ်သူကြီးပေ့ တို့ရောက်လောက်ပေမည်။

"ချစ်ဇနီး...နေအရမ်းမမြင့်ခင်..ခရီးဆတ်ရအောင်..."

"Arr...Shit !! အခုမှအစောကြီးရှိသေးတယ်မထဘူး...အဆောင်မှူးရာ..ဘာတွေလာပွားနေရတာလဲ..ညစ်တယ်..အင်းဟင်း..."

"⁀⊙﹏☉⁀"

ချစ်ဇနီး..ကဘာတွေပြောသွားတာလဲ။
ကိုယ်တော်နားမလည်ဘူး။
ဘာလဲ..အဆောင်မှူး...ဆိုတာ။
လူလား။
လူဆို...အမျိုးကောင်းသားလား၊အမျိုးကောင်းသမီးလား။
ငါကိုယ်တော်..ချစ်ဇနီးက စိတ်တော်မကြည်ရအောင်...အနှီလူသားက..ဘယ်လောက်တောင်ဆိုးဝါးနေရတာလဲ။

သေ ..သင့်တယ်။

"ချစ်ဇနီး ဒီမှာဘာအဆောင်မှူးမှမရှိဘူး...ထတော့နော်...ချစ်ဇနီး...ကိုယ်တော်စကားကိုနားထောင်နော်..."

သူမလေးရဲ့နှဖူးပေါ်ဝေ့၀ဲကျနေသည့်ဆံစလေးတွေကိုသပ်တင်ရင်းပြောလိုက်သည်။

ထို့နောက်...ရှင်းလင်းသွားသောနှဖူးပြင်လေးအပေါ်သို့အသာထိတွေ့အကြင်နာချွေရင်း...

ခ်စ္​​ေသာ'Fujoshi'မိဖုရား/ချစ်​သော'Fujoshi'မိဖုရားOù les histoires vivent. Découvrez maintenant