So near and yet so far (နီးရက်နဲ့ ဝေး)

112 23 5
                                        









"ဟင်း.....မေမေကလည်း......"

"ဘာမှအထွန့်မတက်နဲ့....သွားရေမိုးသွားချိုး
အဲ့ကောင်လေးနဲ့ လိုက်တွေ့ရမယ်......"

"မေမေ သားပညာတော်သင်သွားရမှာ.....ဒီနှစ်..."

"ဟာ........နင်ငါပြောတာနားမလည်ဘူးလား...ဟမ်....သူမှာတစ်သက်စားမကုန်တဲ့စည်းစိမ်တွေရှိတယ်လို့....."

"ဒါမဲ့ သားမှမလိုချင်တာ......"

ဖြောင်း.........

"Gun. ..... ငါမင်းကိုထပ်မရိုက်ချင်ဘူးနော်သွား
ငါပြောသလိုလုပ်......"

"နေဦးမေမေ အိမ်ထောင်သည်ကို...ယူထားတာလား...."

"Gun.........!!!!!!!"

"မေမေ.....သားမေးတာကိုအရင်ဖြေ....."

Gunရဲ့လေသံမာမာကြောင့်
ဒေါ်ကျော့ကလျာ တစ်ယောက်
မျက်လုံးပင်ပြူးသွားခဲ့ရတော့သည်....
ဘယ်တုန်းကမှ ပြန်မပြောခဲ့ဘူး
တဲ့Gunတစ်ယောက်....ဒီနေ့သူ
ဟန်မဆောင်နိုင်တော့တော့......

"အေဟုတ်တယ်.... "

"မေမေ လူကောဟုတ်ရဲ့လား...."

"သူ့မိန်းမ မရှိတော့ဘူး​သေသွားပြီ"

"ဘယ်တုန်းကလည်း....."

"လွန်ခဲ့တဲ့တစ်ပတ်က.....နင်ငါ့ကိုစောက်လုပ်တွေရှုပ်အောင် လာမေးမနေနဲ့သွား....."

"အမေက တော်တော်ကြောက်ဖို့ ကောင်းတယ် "

Gun လည်းပြောစရာစကားတွေ
ပျောက်ရှသွားခဲ့ရပါပြီ......
ကျွန်တော်အမေကို ဒီလောက်တော့
ရက်စက်လိမ့်မယ်လို့
မထင်ထားခဲ့ဘူး......
တစ်ဖက်လူ....ဘယ်လောက်တောင်....
နာကျင်နေလိမ့်မတုန်း.......

-----------So near and yet so far -------------

"အကိုtay. ....ဘယ်သွားမလို့ခဗျ....."

"ဟင် newပါလား.....ကိုယ်offတို့ဆီသွားမလို့...
Off အမေဆုံးသွားလို့ မနေ့ကစျာပနမမှီလိုက်လို့ လေကိုယ်က အလုပ်ကိစ္စ နဲ့ခရီးထွက်နေတာနဲ့"

"အော်.....ဟုတ်...ဒါဆိုခွင့်ပြုပါအုံး..."

"နေအုံးnew ဒါကိုယ့်ရဲ့လိပ်စာကပ်...ညရောက်ရင်ဖုန်းခေါ်ပေးပါလား....ကိုယ်မင်းဆီကဖုန်းနံပါတ်တောင်းဖို့အချိန်မရတော့လို့......"

So near and yet so far (နီးရက်နဲ့ ဝေး)Where stories live. Discover now