So near and yet so far

115 21 4
                                        

"သား.....Gun... လာပါအုံး..."

"ဟုတ်ဖေဖေ....."

"သားဘယ်တုန်းကပြန်ရောက်တာလည်း...."

"အင်း....ဟို....နည်းနည်းတော့ ကြာပါပြီ "

"ဖေဖေတို့ဆီတောင်မလာဘူး....."

"ဟုတ် အဲ့တာက..."

ကျွန်တော်ငြင်းရခက်နေတော့ဦးကဝင်၍
စကားဆက်သည်.....
နည်းနည်းတော့ နားဝင်ဆိုးပေမဲ့ပေါ့....

"အဲ့တာကျွန်တော်မလာစေချင်လို့ တမင်မပို့တာ......."

ဦးရဲ့စကားဆုံးဆုံးချင်းပင်.....
အမေကအပေါ်ထက်က.....ဆင်းလာပြီး
မျက်နှာတွင် မာန်ချီကာ....အနီရောင်ဖိန်ဖိန်တောက်
ဂါဝန်ကိုယ်ကျပ် လေးကိုသေးသွယ်သွယ် ကိုယ်လုံးလေးမှာ ကျစ်ကျစ် လစ်လစ်.
ဝတ်ဆင်ထားပုံက အသက်နှစ်ဆယ်ကျော်
မိန်းမလေးအသွင်......

"ဟင်.....ဘာမှအကျိုးမရှိတဲ့ လူတွေကို ဘာကိစ္စ တွေ့ချင်နေရတာလည်း.."

ဆင်းလာခြင်းပင်ကိုရန်စကားစသည်
ကြားထဲက ကျွန်တော်ကတော့မျက်နှာ
ပူလျက်ပေါ့......

"ကျွန်တော်ခဗျားကိုစောက်စကားပြောနေတာမဟုတ်ဘူး......"

"အရိုင်းအစိုင်း.... "

"အမေ ဦးကိုအဲ့လို့မပြောနဲ့....."

"ဘာလဲ.....နင့်လင်ထိတော့ နာတာလား...."

"အမေ.....!!!!!!!!"

အမေကအရမ်းရက်စက်သည်...
အမှန်ဆိုသူပေးစားလို့
ကျွန်တော်ယူထားရတာ.....
အမေဒီစကားမပြောသင့်ပါ.....
ရင်ထဲတွင်ဆူးနင့်နေအောင်ခံစားရသည်...

"တော်တော့သက်ခက်......ခလေးတွေကို မင်းဘာမှပြောစရာမလိုဘူး"

ဦးခေတ်စွမ်း ကကြားဖြန်ဖြေ
သော်လည်းအမေကမတော်နိုင်သေး

"ဟွန့်.....စောက်ကျက်သရေ မရှိဘူး"

"..........."

"............"

"............."

ကျွန်တော့်တို့သုံးဦးလည်း.....
ဘာမှပြန်မဖြေပဲ
ဆိတ်နေလိုက် တော့သည်...

နောက်မှပြန်စကားစကာ.....

"ချင်းမိုင်က မင်းဒေါ်ဒေါ်ကလှမ်းခေါ်
နေတယ်....မင်းက်ိုတွေ့ချင်လို့တဲ့.....သွားလိုက်ပါ အုံးGunလေးကိုလည်းခေါ်သွားပေါ့"

So near and yet so far (နီးရက်နဲ့ ဝေး)Where stories live. Discover now