"Gun......Gun......Gun!!!!!!!!!!!!!"
"ဟမ်....အမ်......လန့်လိုက်တာnewကလည်း..."
"ငါအော်ခေါ်နေတာ......10ခါလောက်ရှိနေပြီ.."
"အဲ....ဟုတ်လား......ငါ...အတွေးတွေ လွန်နေတာထင်ပါရဲ့"
"ဘာလည်း.....မင်းရဲ့ဦးကို တွေးနေတာလား..."
"ဟမ်.....ဘာ...ဘာ...တွေလာပြောနေတာလည်း ငါက ဘာကိစ္စ နဲ့ တွေးရမှာလဲ...."
"အေးပါ.....ဟုတ်ပါပြီ..... ရော့.....ခုတင်နံပါတ်103 ကိုသွားလိုက်အုံး...နော်.....ငါဒီညဂျူတီငါစောင့်ရမှာလေအဲ့တာငါနည်းနည်းအိပ်ချင်လို့....."
"အင်းပါ......အိပ်အိပ်....... ငါသွားလိုက်အုံးမယ်"
ကျွန်တော်လည်း နားနေခန်းကနေထွက်လာခဲ့ပြီး....
တာဝန်ရှိရာ......အခန်းသို့
သုတ်ခြေတင်ကာသွားတော့သည်...
မနက်အဖြစ်အပျက်တွေက ခေါင်းထဲကမထွက်ဘူး....
ညနေဆိုတာကိုလည်းရင်မဆိုင်
ရဲဘူး......ဘာ့ကြောင့်ဒီလို
ဖြစ်နေရတာကိုလည်းနားမလည်နိုင်ဘူး
ဦးရုတ်တရတ် ကြီးပြောင်းလည်းသွားတဲ့အပေါ်
မယုံကြည်နိုင်ဘူး.......
ကျွန်တော် ထပ်၍ဆုတောင်းမိတယ်....
ကံတရားကကျွန်တော့်ကို လှည့်စားတာ....
မဟုတ်ပါစေနဲ့........."အန်တီ......နောက်တစ်ခါကြရင်ဂရုစိုက်နော်...
ဝမ်းမချုပ်စေနဲ့.....""ဟုတ်ကဲ့ပါဒေါက်တာလေး......."
"ရော့...ဒီဆေးလေးတွေပုံမှန်သောက်နော်...."
"ဟုတ်ကဲ့ဒေါက်တာ....ဒါဆိုကျွန်မကိုခွင့်ပြုပါအုံးရှုင့်..."
"ဟုတ်ကဲ့ခဗျ...."
"ဒေါက်တာ လေး......မပြန်သေးဘူးလား...."
"အမ်......ဟုတ်.....ဆရာမကြီးပြန်မှာ.....ပြန်တော့မှာ "
"အေးကွယ်......မပြန်သေးဘူးလားလို့....တစ်ယောက်ထဲကျန်ပြီး....အလုပ်တွေများဖိလုပ်နေမှာဆိုးလို့....."
"ဟုတ်ကဲ့ပါဆရာမကြီးရဲ့......ဒါဆိုကျွန်တော်သွားတော့မယ်......"
"ဟုတ်ကဲ့ပါ ဒေါက်တာလေး....."
ဟူး..............
ဒီနေ့တွင်သက်ပြင်းဘယ်နှစ်ကြိမ်
ချနေမိမှန်းလဲမရေတွက်နိုင်တော့......
ကောင်းမမောင်းချင်တော့တာနဲ့....
bus ကားတိုးစီးဖို့သာ.....
စဥ်းစားလိုက်တော့သည်...
ကားမှတ်တိုင်ကို မရောက်မှီ.....
မျက်စိ ကဟိုကြည့်ဒီကြည့်....
လိုက်ကြည့် နေမိသည်...
မျက်လုံးထဲတွင်မြင်လိုက်ရသော.....
ကွက်ကွက်..... ကွင်းကွင်း....
မြင်ကွင်းတစ်ခု.......
စားသောက်ဆိုင်တစ်ခုထဲတွင်.....
နှစ်ဦးသား.....ပြုံးလျက်စကားစမြည်း
ပြောကာ......ရီမောနေသောလူသားနှစ်ယောက်....
ဦး.....ကျွန်တော့်ဦးက.....
မိန်းကလေးတစ်ယောက်...... မိန်းကလေးတစ်ယောက်... နဲ့သူ....သူ...
စကားပြောနေတာ.....
တစ်ယောက်လက်ကိုတစ်ယောက် ကိုင်ထား
ပုံတို့က.....ရွံ့စရာသိပ်ကောင်း....တယ်...
ဒါဆိုဘာလည်း.....မနက်ဦးရဲ့အပြုအမှုတွေအားလုံးက.....အကုန်မုသားတွေပေါ့....
ခင်ဗျားသိပ်ယုတ်မာတယ်...........
ကျွန်တော်သူတို့ သူတို့ကို ငေးကြည့်နေတုံး....
ဦးကျွန်တော့ကို မြင်သွားတယ်..... ပြီးတော့
စားပွဲကနေထလာတယ်......
ကျွန်တော်လည်း.....
ချက်ချင်း လှည့်ပြီးပြေးကာ......ကားပေါ်သို့
တက်ကာအမြန် ထွက်ပြေးလာခဲ့တော့သည်...
အဲ့အခြေအနေကနေ.......

YOU ARE READING
So near and yet so far (နီးရက်နဲ့ ဝေး)
De TodoSo near and yet so far (နီးရက်နဲ့ ဝေး.....) Offgun.... 😁😁