"ပင်ပန်းသွားပြီ သားGun. ..."
"ဟုတ်ကဲ့ရပါတယ် ဖေဖေ....."
"ရော့....လေယာဉ်လက်မှတ်...... ချင်းမိုင်ကို....
ဟန်းနီးမွန်းထွက်လိုက်ကြ....""ဟုတ်ကဲ့......"
ဦးခေတ်နိုင် နဲ့ကျွန်တော်က....
စကားတွေအပြန်အလှန်ပြောနေပင်မဲ့....
ဘေးမှ....ဦးနှင့်မေမေကတော့.....
သူတို့နှင့်မဆိုင်သလိုပင်...."ဦးကျွန်တော်တို့......သွားကြရအောင်...
လေယာဉ် ချိန်နီးနေပြီ""အင်း.......ဟိုမှာ....အကျထုပ်တွေအဲ့တာတွေအကုန်သယ်ခဲ့"
"ဗျာ......"
ဦးကကျွန်တော့ကို....
မသိမသာ....ရော....သိသိပါ....နှိပ်စက်တပ်တယ်....."ဟာ....Offjumpol မင်းယောက်ျားမဟုတ်ဘူးလား....ဒါလေးတောင်ကိုယ့်ဟာကိုယ်....မသယ်နိုင်အောင်...ဖြစ်ပျက်နေတာ........ "
".........."
ဦးကတော့သူ့အဖေစကားကို......
လျစ်လျူရွု၍..... ကားသော့ကိုယူကာ....
ရှေ့မှဦးစွာထွက်သွားတော့သည်.....
နောက်ဆုံးတော့ ကျွန်တော်....ကပဲ
ဦးကိုသူ့အဖေကအပြစ်မြင်မည်စိုး၍....
ဝင်၍ဖြန်ဖြေရတော့သည်....."ရပါတယ်....ဖေဖေရယ်သားနိုင်ပါတယ်....."
"အေးပါ.....ညီထက် လာကလေးကိုယ်ဒါတွေကူစွဲပေးလိုက်"
"ဟုတ်ကဲ့....."
"သားသွားလိုက်ပါအုံးမယ်... "
"အင်း....ဟုတ်ပြီ..."
"အမေ...သား...သွား"
"အင်းသွား....Gun. ...ငါကြားတယ်...
လမ်းခရီးမှာ ဂရုစိုက်နော် .....""ဟုတ်...."
ကျွန်တော် ဦးနဲ့ယူလိုက်ပြီဆိုတော့...
အမေလိုချင်တာရသွားပြီ....ထင်ပါတယ်...
ကျွန်တော့ကိုစကား ပြောဆိုပုံတွေက....
သိပ်ကို....နူးညံ လွန်းနေတယ်....
ဒါပင်မဲ့အဲ့တာ...ခဏပါပဲ ......."အထဲမှာဘာတွေအဲ့
လောက်ကြာနေတာလည်း.....""နုတ်ဆက်စကားပြောနေတာပါ...."
"စိတ်ပျက်စရာကောင်းတယ်.... "
Gunလည်းဘာမှပြောမနေချင်နေတော့
တာကြောင့်.....ပတ်ဝန်းကျင်...
ကိုသာငေးနေလိုက်တော့သည်....
လေဆိပ်ကိုရောက်တော့.....
ကိုညီထက်က...ကျွန်တော့ကို....မှာစရာရှိတာမှာပြီးတာနဲ့....ကျွန်တော်တု့နှစ်ယောက်လုံး...
လေယာဥ်ပေါ်တက်လိုက်ကြတော့တယ်....
လေယာဉ် ပေါ်ရောက်ပြီး....သည်အထိ....
တစ်ယောက်နှင့်ဘာစကားမှမပြောဖြစ်....
ကြာလာတော့ကျွန်တော်လည်း....
အိပ်ချင်လာသဖြင့်.....လေယာဥ်နံရံထောင့်ကိုမှီပြီးအိပ်လိုက်တော့သည်.....
YOU ARE READING
So near and yet so far (နီးရက်နဲ့ ဝေး)
RandomSo near and yet so far (နီးရက်နဲ့ ဝေး.....) Offgun.... 😁😁