So near and yet so far

86 22 8
                                    

"အွင့်.......အား....နာလိုက်တာ...."

"အယ်...နာသွားလား....ဖြည်းဖြည်း လုပ်တာပဲ..."

"အား....မရ....မရ...ဘူးပြန်ထုပ်.."

"...ဝင်သွားပြီ.....ကလေး...."

"ဟင်း.....နားကပ်လေးတပ်တာကို...အရမ်းနာအောင်လုပ်တယ်"

"အမ်..ကလေး ရယ်....နားပေါက်က အခုဖောက်အခုထိုးဆိုတော့နာတာပေါ့....
ပြီးတော့ကလေးအရမ်းဖောက်ချင်နေတာလေ"

"အဲ့တာ....ညကမှုးပြီးပြောတာလေ..ဦးကလည်း...."

"ေအာ်......"

မနေ့ကညကလည်း....
ကိုယ်ကသာစိတ်ကူးတွေစွတ်ယဥ်နေတာ...
ဟိုကလေးကဖြင့်....ဝိုင်သောက်ပြီး....မှုးပြီးအိပ်ပျော်နေတာများသိုးလို့.....ထင်ထားတဲ့...
အတွေးနဲ့...လိုအပ်တဲ့....ပစ္စည်း လေးယူလာမိတာတောင်ရှက်တယ်ဗျာ.....
နောက်ပြီး.....ညသန်းခေါင်ကြီး...
နိုးပြီး...နားပေါက်ဖောက်ချင်ပါတယ်
ဆိုပြီး.....ဂျီကျလို့မနည်း ချော့မော့ကာ....
ပြန်အိပ်ခိုင်း လိုက်ရတယ်....
တော်ပြီနောက် တစ်ခေါက်
Gunကို ဝိုင်မတိုက်တော့ဘူး...

"ဟွင်း.......ရောက်ပြီလား...ဦး"

"အင်းကလေး...."

"ဦးရေ...ကလေးလက်တွေနာနေတာသိတယ်နော်"

"အင်းပါ...ဦးယူခဲ့ပါ့မယ်...အထုပ်တွေ"

"အင်း...."

ပြောချင်ရာပြောပြီး
ကားပေါ်မှဆွက်....ခနဲ့
ပင်ဆင်းသွားသောကောင်လေး....

"ဟယ်....Offတို့ရောက်လာပြီလာ...."

"ဟုတ်​​ေဒါ်ဒေါ်..."

"အော်...Gunရောလား..."

ကားပေါ်ကဆင်းဆင်းချင်းပင်....
ဟိုအဘွားကြီးနဲ့....တည့်တည့်တိုးသည်...
ဘာလား.....စိတ်ပျက်စရာ ပဲ....
ဦးအမျိုးတွေက....
ဒါ့အပင်...ဟိုအမကြီး ကပါလာသေးသည်..
ဘာဒေလီယာဆိုလား.......
သူတို့နှစ်ယောက် စလုံးက ကျွန်တော့် ကို
မြင်သည်နှင့်...မျက်ခုံးတို့ကတွန့်ချိုးလျက်...
အဲ့တာကိုအမုန်းဆုံးပင်....သို့သော်...
ဦးရှေ့တွင်တော့...အဲ့လိုမဟုတ်....
ချက်ချင်းပင်....ပြုံးလျက်ကျွန်တော့်ကိုပါ....
နုတ်ဆက်သည်....
ဒါကပို...ရွံ့စရာကောင်းသည်....
ရုပ်ပြောင်းရုပ်လွဲ တတ်နိုင်တဲ့သူတွေ

So near and yet so far (နီးရက်နဲ့ ဝေး)Where stories live. Discover now