Part_1

442 23 12
                                    

မိုးကောင်းကင်တစ်ခွင်တွင် လျှပ်စီးတန်းကြီးများ
နေရာယူလျက်ရှိသည်။
အလင်းသည် မှောင်ဝေရီတိမ်တိုက်တွေကြား လျှပ်တစ်ပြက် ထိုးခွင်းရင်း၊
မိုးချုန်းသံများ တခြိမ်းခြိမ်းဟိန်းထွက်လို့နေသည်။
ကောင်းကင်တမန်တော် အကြီးအကဲ မိသားစုများမှ ဆူညံသံများနှင့် အခြွေရံတော်တို့၏ ဆုတောင်းသံ အပေါင်းမှာ လှိုက်လှဲစွာရှိနေ၏။နန်းဆောင်အပြင်ဘက်ရှိ အဝေးတစ်နေရာအထိပင် ကောင်းကင်ဘုံ၌ ထိုဆုတောင်းသံများအား ကြားယောင်နိုင်ပါသည်။

ဒုန်းးးး... !

အရှိန်ဟုန်ပြင်းစွာ အားကောင်းကျယ်လောင်သည့်
မိုးခြိန်းသံကြီးအဆုံး။ ရုတ်တရက်ဆိုသလို
နန်းဆောင်တော်အတွင်းဆီသို့ နက္ခတ်ကြယ်တာရာတစ်စင်း ကြွေလွင့်လာသည်ကို အားလုံးတွေ့မြင်ကြရ၏။

လာရောက်ကောင်းချီးပေးကြသည့်
တမန်တော်များနှင့် အခြွေရံတော်များသည် သူတို့၏ မျက်စိရှေ့တွင် ဖြစ်ပေါ်နေသည့် အဖြစ်အပျက်တစ်ခုအား မယုံကြည်နိုင်လှစွာ အင်အားသင့်‌နေကြသည်။တမန်တော်ဆုတောင်းပွဲမှ တီးတိုးသံများမှာ
ငြိမ်သက်စွာပင်..အထိန်းကွပ်မရှိပေ။

"အဲ့တာသွေးကြယ်တော်မလား !?.."

"မဖြစ်နိုင်တာ......''

ကောင်းကင်ရဲ့သံတမန်တော်သခင်‌လေး တောင်းခံမွေးဖွားသည့်အချိန်တိုင်း ကြယ်တာရာကြွေလွင့်သည်မူမှာ ပုံမှန်ဖြစ်ရပ်တစ်ရပ် ဖြစ်ပေသည်။ယခုအခါတွင် အားလုံးအတွက် အံသြဖွယ်ကောင်းနေရခြင်းမှာ ယခုကြွေလွင့်လာသော ကြယ်တာရာသည်သာမန်ကြယ်တာရာတစ်ခုမဟုတ် ။

"ဟွမ်တလာ "၏ နှလုံးသားဟူ၍ ဒဏ္ဍရီလာဖော်ကျူးပြောဆိုမှုများစွာနှင့် နတ်ဘုရားတို့၏ အမျိုးစုံသောရာဇာဝင်များ ချည်နှောင်ခြင်းကိုအခြေခံထားသည့် စကြာဝဠာ၏ တစ်ခုတည်းသော " သွေးကြယ်တော်'' ဖြစ်‌ပေသည်။
၎င်းမှာ တမန်တော်များ တန်ဖိုးထားရာဖြစ်ပြီး စောင့်ရှောက်သူများစွာ ထားရှိခြင်းခံရသည့်
"ကောင်းကင်ဘုံ၏ အလင်းရောင်ရတနာ "ပင် ။
ကြယ်တာရာသည် ဖြေးညှင်းစွာဆင်းသက်ရင်း
နန်းဆောင်ထဲမှ ဆုတောင်းပွဲပြုလုပ်တောင်းခံသူသခင်ကြီးရူးလ်ဆီသို့ ဦးတည်တန်းမတ်စွာ သွားနေ၏ ။

The Grey ( On going )Where stories live. Discover now