1

2.5K 190 7
                                    

[UNICODE]





" Bonjour "

သူ့ကို နှုတ်ဆတ်လာတဲ့ ပါရီအမျိုးသမီးတစ်ယောက်ကို ဆောနူ အသိအမှတ် ပြုတဲ့ အနေနဲ့ ပြုံးပြီး ခေါင်းငြိမ့်ပြလိုက်သည် ။

သေချာပေါက် အပြုံးတွေက အသက်၀င်နေမှာတော့ မဟုတ်......

တွန့်ချိုးနေတဲ့ မျက်ခုံးတွေက တစ်ခုခုကို အလိုမကျနေသလိုလို......

" ကျစ် ဘယ်ရောက်နေတာလဲ ပတ်ဆောင်းဟွန်း "

ဆောနူရောက်နေတဲ့ နေရာက Paris မြို့ရဲ့ အထင်ကရ Eiffel tower......
ဥရောပရဲ့ fashion city လို့ တကမ္ဘာလုံးက အသိအမှတ်ပြုထားတဲ့ ထိုမြို့......

Dior, Chanel, Louis Vuitton အစရှိတဲ့ နာမည်ကြီး brand သုံးခုပေါင်းပြီး ဒီ fashion week ကို လုပ်တာမို့ ဆောနူပေါ် pressure တွေ ပိုပိလေသည် ။ အမှားအယွင်းတစ်ခုမှ အဖြစ်မခံတာမို့.....အကယ်၍ တစ်ခုခုသာ ဖြစ်ကြည့်ပါလား တစ်လလောက် ဂယက်ထသွားမှာ.....လုံး၀ sensitive ဖြစ်နေတဲ့ အချိန်ပင်........

အခု model တစ်ယောက်လုံး ပျောက်နေတဲ့ ကိစ္စကြောင့် ပိုခေါင်းမီးတောက်နေသည် ။

ဖုန်းဆက်တော့လဲ မကိုင်....ဆယ်ခါမြောက်ဆက်ပြီးနောက်မှာတော့
" လူကြီးမင်း ဆက်သွယ်နေသော ဖုန်းမှာ စက်ပိတ်ထားပါသဖြင့်....."

" ဖုန်းပါ ပိတ်လိုက်တယ် ဒီချီး....တောက် "

ဆောင်းဟွန်းက ကျော်ကြားတဲ့ ‌model တစ်ယောက်မို့ လုံး၀ပျောက်လို့မဖြစ်....တခြား model သာဆို အစားထိုးတစ်‌ေယာက် ရှာလိုက်လို့ ရပေမဲ့ ပတ်ဆောင်းဟွန်းကတော့ မရပါ.....

ကမ္ဘာကျော် brand တွေမို့ သာမန် fashion week တွေထက် အဆပေါင်းများစွာ အာရုံစိုက်ခြင်း ခံနေရသည် ။
သေချာပေါက် လက်မှတ်တွေက နာရီပိုင်းနဲ့ ရောင်းထွက်မှာ ဟုတ်သော်လည်း ဆောင်းဟွန်း fanbase တစ်ခုက လက်မှတ် ဆယ်ပုံတစ်ပုံလောက်ကို မိနစ်ပိုင်းနဲ့ ၀ယ်သွားသည့် သတင်းက ဟိုတစ်လောကပင် social media တွေမှာ viral ဖြစ်သွားသေးလေသည် ။
ဆိုလိုသည်ကား နာရီ၀က်ထဲနဲ့ လက်မှတ်အကုန်ရောင်းထွက်သွားတဲ့ တရားခံထဲ ဆောင်းဟွန်းက သေချာပေါက်ပါသည်ပင်.....

Non fan တွေကပါ စသတိထားမိနေတဲ့ ဒီအခြေအနေ....ပိုလူသိများလာမယ့် ဒီအခွင့်အရေးကြောင့် နည်းနည်းမှ တိမ်းစောင်းမခံနိုင်ပါ.....။

D ( 반 )Where stories live. Discover now