ZAWGYI
ရွက်ဝါတွေကြွေကျချိန်...
လာဗန်ဒါပန်းတွေ တစ်စက္ကန့်စာ သင်းပျံ့ချိန်...
လေအဝေ့တစ်ချက်...မျက်စိတစ်မှိတ်...
ဆံစတစ်လွင့်...ဘယ်သူကသိခဲ့မှာလဲ ။ ကာယကံရှင်ကိုယ်တိုင်တောင် မသိခဲ့ပါဘဲလျက်...ဖွေးစွတ်နေတဲ့ ဖောင်းဖောင်းကစ်ကစ် ကောင်ငယ်လေးဟာ...
“ ငါနဲ့ အငြဲ ကချားပေးမယား ”
အရပ်အနည်းငယ်ပိုမြင့်သော ကောင်လေးသည် မျက်မှောင်ကြုံ့သည် ။
ပါးဖောင်းဖောင်းလေးက ပို၍ ဖောင်းလာသယောင် ။“ ဟင့်အင်း ငါ့မေမေက ပြန်လာခေါ်မှာ
အမြဲ မကစားပေးနိုင်ဘူး ”ဖောင်းအိအိလက်လေးတစ်ခုက နောက်လက်တစ်ခုကို ဆွဲထားသည် ။
“ လွှတ် ”
ပထမကလေးငယ်သည် မြေကြီးပေါ်သို့ ပြုတ်ကျသည် ။
ဒုတိယကလေးကို ကြည့်ရင်း ပထမကလေးငယ်၏ မျက်ဝန်းမှာ မျက်ရည်စတို့ ဝေ့သီလာသည် ။
မျက်လုံးလေးတွေက ပို၍ ဝိုင်းလာသယောင် ၊ ပို၍ နက်မှောင်လာသယောင် ။
မုန်တိုင်းမ၀င်ခင် အစပျိုးနေသည့် လေပြေတစ်ခုနှယ် ။
ထို့နောက်တွင်တော့ မျက်လုံးဝိုင်းဝိုင်းမှ မျက်ရည်ဥကြီးများသည် တစ်လုံးပြီး တစ်လုံး အဆက်မပြတ်လိမ့်ဆင်းလာသည်။
သို့သော် ရှိုက်သံ တစိုးတစိမျှ မထွက်ပေ ။
နီရဲသော နှုတ်ခမ်းပါးတို့သည် တုန်ရီနေသည်။ဒုတိယကလေးငယ်သည် ပထမကလေးငယ်ကို ခပ်စူးစူးတစ်ချက်ကြည့်ကာ လှည့်ထွက်သွားသည် ။
နေ့စဉ် တူတူရှိနေကြ ကစားဖော်တစ်ယောက် ဆုံးရှုံးလိုက်ရသော ကလေးငယ်သည် သုံးပတ်တိုင်တိုင် အဖျားသွေးဝင်သည် ။
လေပြည်သည် ကလေးငယ်၏ လောကထဲကို မဖိတ်ခေါ်ပဲ ၀င်ရောက်တိုက်ခတ်သည် ။
လေပြည်သည် မုန်တိုင်းငယ်အဖြစ် ပြောင်းလဲသည် ။
ထိုမုန်တိုင်းငယ်သည် ကလေးငယ်၏ လောကထဲမှ မပြောမဆိုပင် ထွက်သွားသည် ။
ကလေးငယ်၏ ကမ္ဘာသည် တစ်စဆီ ပြိုကွဲကာ အမှောင်ကျသည် ။ထို့နောက် ကလေးငယ်၏ ကမ္ဘာသည် အရောင်ပြောင်းသည် ။ မည်းနက်သည် ။ အေးစက်သည် ။ သိပ်သည်းသည် ။
YOU ARE READING
D ( 반 )
Fanfiction" လာဗန်ဒါတွေမှာလဲ ရွေးချယ်ခွင့်ရှိသင့်တယ်မလား.... ဘယ်သူ့ကို နမ်းရှိုက်ခွင့်ပေးချင်လဲဆိုတာ..." "..." " ဒီအတိုင်း ကြည့်ရုံပဲ ကြည့်နေတဲ့သူနဲ့ ခနခနလာနမ်းရှိုက်တဲ့သူနဲ့ဆို သူဘယ်သူ့ကို ရွေးမယ်လို့ ထင်လဲ..." " ဆောနူသာ သူ့နေရာမှာဆိုရင်ရော..."