🤍
အညိုးတကြီးရွာချနေသော မိုးစက်တို့ကြောင့် ပါရီမြို့သည် ပုံမှန်ထက် ပို၍ လွမ်းဆွေးဖွယ်ကောင်းနေသလို ပြင်းထန်စွာ ကျဆင်းနေသော မိုးစက်တို့နှင့် သွပ်ပြားခေါင်မိုးတို့ ထိတွေ့သံကြောင့် ဆူညံနေကာ စိတ်ညစ်ညူးဖွယ်ကောင်းလွန်းသည်။
ဟိုဟို သည်သည် သွားလာနေသော လူထုအသွယ်သွယ်သည် သေးသွယ်သော လမ်း၏ အပြင်ဘက်တွင်ရှိနေလေသည်။ အရပ်မြင့်မားသော လူငယ်သည် ဤ တစ်ခေါက်တွင်တော့ ထီးကို မေ့ခဲ့ဟန်မပေါ်...
နီစွေးသော အရောင်ရှိသော ခပ်နွမ်းနွမ်း ထီးတစ်လက်ကို ဖွင့်လိုက်ကာ အနှီလမ်းကြားထဲမှ ထွက်လာခဲ့သည်။
ထုံးစံအတိုင်း ရေသေလို တည်ငြိမ်နေသော မျက်လုံးတွေသည် ရွေ့လျားခြင်းမရှိပဲ သွားနေသည့်လမ်းမထက်ပေါ်တွင်သာ အာရုံစိုက်လျက် ။
ထိုစဉ် မြည်လာသော ဖုန်းသံကြောင့် နီခီ ဖုန်းကို ဘောင်းဘီအိတ်ကပ်ထဲက ထုတ်လိုက်လေတယ်။
*အလှလေး* ဟူသော နာမည်ကို တွေ့လိုက်သောအခါ ထူးဆန်းလှစွာပင် မျက်လုံးတို့သည် ပြုံးယောင်သန်းကာ အနည်းငယ် မှေးကျဉ်းသွားသည်။
"ဟယ်လို နီခီ"
"ဗျာ"
"ဒီနေ့ ရိုက်ကူးရေးဖျက်လိုက်တယ်နော်
မိုးအရမ်းသည်းနေတာနဲ့ outdoor scene တွေရိုက်လို့မရတော့တာမို့"ရိုက်ကူးရေး ရွေ့လိုက်ရမယ်မှန်း မိုးစရွာကတည်းက နီခီ ခန့်မှန်းထားပြီးသားပင်..
"ဟုတ်ကဲ့ ဆောနူ"
ထိုစဉ် မိနစ်ဝက်လောက် တိတ်သွားသော တစ်ဖက်လူကြောင့် နီခီလမ်းလျှောက်နေရင်းကနေ တစ်ချက်ရပ်လိုက်လေသည်။
"နီခီ...ဒီနေ့ဘယ်သွားစရာရှိလဲ"
လခြမ်းကွေးသဏ္ဍာန်ရှိသော မျက်ခုံးနက်တို့သည် တစ်ခန အပေါ်သို့ မြှင့်တက်သွားရသည်။ မောင့်အလှလေးက ဘာလို့ ဒီလိုမေးရတာပါလိမ့်...
ဘာလုပ်ဖို့ ကြံစည်နေပါလိမ့်...အဆုံးသတ်ရလဒ်ကတော့ သူ့ရဲ့အလှလေး ဘာလုပ်လုပ် သူလိုက်လျောမည်ပင်။ သူ့ဘဝရဲ့ နေရောင်ခြည်လေးပင် မလား....
သူ့ရဲ့ နူးညံ့ပြီး လှပတဲ့ လာဗင်ဒါပန်းပွင့်လေးပင် မလား...
YOU ARE READING
D ( 반 )
Fanfiction" လာဗန်ဒါတွေမှာလဲ ရွေးချယ်ခွင့်ရှိသင့်တယ်မလား.... ဘယ်သူ့ကို နမ်းရှိုက်ခွင့်ပေးချင်လဲဆိုတာ..." "..." " ဒီအတိုင်း ကြည့်ရုံပဲ ကြည့်နေတဲ့သူနဲ့ ခနခနလာနမ်းရှိုက်တဲ့သူနဲ့ဆို သူဘယ်သူ့ကို ရွေးမယ်လို့ ထင်လဲ..." " ဆောနူသာ သူ့နေရာမှာဆိုရင်ရော..."