10

949 139 26
                                    

[UNICODE]

At Valensole , Laven Orphanage
(2000)

“ နီခီ ”

ဖွေးဖွေးလုံးလုံး ကလေးတစ်ယောက်သည် သူ၏ ခြေတံဖောင်းဖောင်းလေးများဖြင့် ခြံ၀င်းထဲက ကြီးမားသော အပင်အိုကြီး အောက်မှာ မှုန်ကုပ်ကုပ်ဖြင့်ရပ်နေသော ကောင်လေးတစ်ယောက်ဆီထံသို့ အော်ကာ ပြေးသွားသည် ။ နွေဦးရဲ့ လေရူး ကျီဆယ်မှုအောက်မှာ သစ်ရွက်ဝါတို့ ‌ကြွေကျနေလျက်ရှိသည် ။

“ ငါနဲ့ ကချားရအောင် ”

မှုန်ကုပ်ကုပ်ဖြင့် ရပ်နေသော ကလေးငယ်၏ မျက်လုံးများသည် အနည်းငယ်တောက်ပသွားဟန်...
သူ့ရှေ့က ခပ်လုံးလုံး ကောင်လေးကို ခေါင်းလေးစောင်းကာဖြင့် ကြည့်နေလေသည် ။

အဲ့တာကို ခပ်လုံးလုံး ကောင်ငယ်လေးက ငြင်းဆန်တယ်လို့ ထင်မှတ်သွားပုံရတယ် ။

“ မကချားဘူးယား
အဲ့ဒါဆိုလဲ ရပါတယ် ဟီးဟီး ကချားချင်ရင်ပြောနော် ”

တခြားကလေးတွေ စုနေတဲ့ ဘက်ကို ပြေးထွက်သွားတော့မယ့် ကလေးရဲ့ လက်‌ကောက်၀တ် ဖောင်းဖောင်းလေးကို အမှီဆုပ်ကိုင်လိုက်တဲ့ အေးစက်စက်လက်ဖဝါးတွေနဲ့ အတူ မှုန်ကုပ်ကုပ်ကလေးငယ်ဟာ ပထမဆုံးစကားကို စတင်ပြောလေ တော့တယ် ။

“ ကချားမယ်...တူတူ ”

/
/
/

“ ဆောနူ...ဖုန်း ”

လာဗန်ဒါ ပန်းတွေကို ကူခူးပြီး နောက် မန်နေဂျာတစ်ယောက်အနေနဲ့ ဆောင်းဟွန်းရဲ့ vlog အသစ်ပုံစံအတွက် ‌သူ့ကို‌တောင် အသိမပေးပဲ လုပ်ထားတဲ့ ဇာတ်ညွှန်းကို ဖတ်ကြည့်နေစဉ် ဘေးမှာ ငြိမ်ငြိမ်လေး ထိုင်နေတဲ့ နီခီ့ဆီက အသံထွက်လာတာကြောင့် စာရွက်ပေါ်က အမဲရောင်ဆေးစက်တွေထံမှ မျက်စံလွှဲပြီး နီခီ့ဆီအကြည့်ပို့လိုက်သည် ။

ကမ်းပေးလာတဲ့ ဖုန်းမျက်နှာပြင်ပေါ်မှ နာမည်ကို မြင်လျှင်ဖြင့် ဆောနူ ဒီနေ့မှာတင် ဘယ်နှကြိမ်မြောက်မှန်း မသိတဲ့ မျက်မှောင်ကို ထပ်ကြုံ့မိပြန်တယ် ။

“ ပြော! ”

ပြေးလာလိုက်လျှင် တစ်မိနစ်တောင် မကြာတဲ့ အကွာအဝေးဆီကနေ ဖုန်းခေါ်နေတဲ့ ပတ်ဆောင်းဟွန်းက သူ့စိတ်ကို အထိမခံဖြစ်အောင် လုပ်နေပုံပင် ။

D ( 반 )Where stories live. Discover now