ူ[UNICODE]
မျက်နှာပေါ် ကွက်ကျတတ်သော မနက်ခင်းနေရောင်စူးစူးကြောင့်လဲ မဟုတ်ပါပဲနှင့် ဆောင်းဟွန်း ဒီနေ့ အစောကြီး နိုးထနေမိပါသည် ။
အကြောင်းပြချက်က ရှာကြည့်စရာတောင်မလိုပဲ စဉ်းစားမိရုံနဲ့တင် ခေါင်းထဲ ပေါ်လာမည်မှန်သော်လဲ ဆောင်းဟွန်း မစဉ်းစားချင်မိ ။
စဉ်းစားစရာမလိုအောင်လဲ အကြောင်းပြချက်က သူ့ရှေ့တည့်တည့်မှာ ဖြစ်နေတော့ လျစ်လျုရှုလို့မရပြန်...ပြန်အိပ်လို့မရတဲ့အဆုံး ၀င်သက်ထွက်သက်မှန်စွာ ရှိုက်ရှုရင်း အိပ်မောကျနေတဲ့ ဆောနူကို မမှိတ်မသုံစိုက်ကြည့်နေမိသည် ။
အနက်ရောင်မျက်တောင်ရှည်ကြီးတွေ ၀န်းရံထားတဲ့ မျက်ခွံလေးပေါ်က သွေးကြောစိမ်းခပ်ရေးရေးလေးတွေကို အနည်းငယ်ထွက်ပေါ်လာစပြုတဲ့ နေ့အလင်းရောင်အကူနဲ့ ကြည်လင်စွာမြင်နေရလို့ ဆောင်းဟွန်းနှုတ်ခမ်းတို့ တစ်ချက်တွန့်သွားရတယ် ။
ငွေရောင်ဆံနွယ်တွေက မျက်လုံးပေါ် ဝဲကျနေကာ သူ့မြင်ကွင်းကို လာဖျက်နေတာကြောင့် ဆောင်းဟွန်း စုပ်တစ်ချက်သပ်လိုက်မိတယ် ။
တစ်ချိန်တည်းမှာပင် မနေနိုင်တဲ့ လက်က ထိုဆံနွယ်တွေကို သပ်တင်ပေးလိုက်မိသည် ။ နူးညံ့တဲ့ ဆံသားတွေရဲ့ အထိအတွေ့က လက်ဖျားမှာ စွဲကျန်ရစ်ခဲ့တယ် ။ကြည်လင်နေတဲ့အသားအရေအောက်က
သွေးရောင်လွှမ်းနေတဲ့ ပါးမို့မို့လေးတွေ...
ထိုပါးပြင်ပေါ်မှ ရွှေရောင်သန်းနေတဲ့ အမွှေးနုလေးတွေက သေချာစိုက်ကြည့်မှ မြင်ရနိုင်တာမျိုး...
ထိုအချိန် ညာဘက်ပါးပြင်ပေါ်က မှည့်လေးက သူ့အာရုံတွေကို ပြန်သိမ်းပိုက်သွားပြန်တယ် ။
ထိုမှတစ်ဆင့် ဆေးကူစရာမလိုပဲ သဘာ၀အတိုင်း နီစွေးနေတဲ့ နှုတ်ခမ်းဖောင်းဖောင်းလေးတွေ....
ထိုနှုတ်ခမ်းက ကိုယ့်နှုတ်ခမ်းတွေနဲ့ သုံးခါ ထိတွေ့ဖူးသည် ဆိုတဲ့အတွေးကြောင့် ဆောင်းဟွန်း လည်စေ့တို့ လှုပ်ခတ်သွားရသည် ။နေစမ်းပါဦး! ကင်မ်ဆောနူ ဘယ်ဘ၀ကကုသိုလ်ကံတွေကြောင့် အဲ့လောက်လှနေရတာလဲ !?
" လှတယ်....အမြဲ ပိုင်ဆိုင်ချင်တယ် "
အရှေ့စကားက မရည်ရွယ်ပဲ ထွက်ခဲ့တာမှန်လျှင် နောက်ဆက်တွဲစကားကတော့ အမြဲအတွက်ရည်ရွယ်နေတဲ့ သူ့စိတ်ရင်းအမှန် ။
YOU ARE READING
D ( 반 )
Fanfiction" လာဗန်ဒါတွေမှာလဲ ရွေးချယ်ခွင့်ရှိသင့်တယ်မလား.... ဘယ်သူ့ကို နမ်းရှိုက်ခွင့်ပေးချင်လဲဆိုတာ..." "..." " ဒီအတိုင်း ကြည့်ရုံပဲ ကြည့်နေတဲ့သူနဲ့ ခနခနလာနမ်းရှိုက်တဲ့သူနဲ့ဆို သူဘယ်သူ့ကို ရွေးမယ်လို့ ထင်လဲ..." " ဆောနူသာ သူ့နေရာမှာဆိုရင်ရော..."