[UNICODE]
ကျဉ်းမြောင်းနေတဲ့ အခန်းငယ်လေးမှာ လာဗင်ဒါ ပန်းနံ့ ခပ်သဲ့သဲ့ ရနေသည် ။
ရေချိုးခန်းထဲက ထွက်လာတဲ့ အရပ် 6 ပေခန့်ရှိသော လူငယ်တစ်ယောက်.......
ထိုအခန်းကျဉ်းကျဉ်းလေးထဲမှာမှ Canon camera 4 လုံးေလာက် တင်ထားတဲ့ စင်လေးတစ်ခုကသာ တောက်တောက်ပြောင်ပြောင် ဖြစ်နေသည် ။
ရေစတွေ တွဲလွဲခိုနေတဲ့ ငွေရောင် ဆံပင်စများက ဆွဲဆောင်မှုရှိစွာ ထိုလူငယ်ရဲ့ မျက်နှာသွယ်သွယ်ပေါ်မှာ ဖြစ်ကတတ်ဆန်း ကျနေသည် ။
လည်ပင်းမှာ ချိတ်ထားတဲ့ တဘက်နွမ်းတစ်ခုက လူငယ်လေးရဲ့ နုပျိုမှုနဲ့ ချောမောခြင်း အပေါ် သက်ရောက်နိုင်ခြင်းမရှိပါ ။
ထမင်းစားစားပွဲဟု မဆိုရုံသာ စားပွဲခပ်သေးသေးလေးတစ်ခုပေါ်မှာ black coffee တစ်ခွက်ကို ဖျော်ပြီး လိုက်ကာ ကာထားတဲ့ အခန်းငယ်လေးတစ်ခုထဲ လူငယ်လေး ၀င်သွားသည် ။
လူနှစ်ကိုယ်စာလောက်သာ ရှိသော အခန်းငယ်လေးထဲကို ရောက်ချိန် လူငယ်ရဲ့ နှုတ်ခမ်းဖူးဖူး ထိပ်စွန်းက ကွေးညွှန့်ကာ လေးကိုင်းသဏ္ဍာန်ဆောင်သည် ။
ကိုင်ထားတဲ့ခွက်က ထွက်နေသော ကော်ဖီရနံ့က အခန်းပတ်၀န်းကျင်နဲ့ လိုက်ဖက်စွာ.......
အခန်းနံရံအပြည့်ကပ်ထားတဲ့ ပုံတွေ......အပုံေလးထောင်လောက်ရှိလောက်မည် ။ တစ်ခန်းလုံးရဲ့ နံရံပြည့်လုနီးပါး ကပ်ထားသည်ပင်......
နေရာ မတူတဲ့ ပုံတွေကြားက Model ကတော့ တစ်ယောက်တည်း......မျက်လုံးမှိတ်ပြီး ပြုံးနေတဲ့ ပုံလေးတွေ.....
မျက်မှောင်ကြုံ့ပြီး စိတ်တိုနေတဲ့ ပုံလေးတွေ....ဖြစ်နေတဲ့ အခိုက်အတန့်တိုင်းကို ရိုက်ထားသည့်အလား....
ခနကြာတော့ ခွက်ဗလာနဲ့အတူ ထိုအခန်းသေးသေးလေးက ပြန်ထွက်လာတဲ့ လူငယ်.....
နီခီ့အတွက် မနက်စာက black coffee တစ်ခွက်ပင်...
ဖုန်တစ်စက်မျှ မရှိတဲ့ စင်ပေါ်မှာ တင်ထားတဲ့ camera 4 လုံးကို ဝေ့ကြည့်လိုက်သည် ။
သူ ဒီနေ့ ဘယ်သားကို ခေါ်သွားရမလဲ.....
သား 4 ယောက်လုံးက model မတူညီသော်လည်း 4 ယောက်လုံးရှုစားရတဲ့ view ကတော့ အမြဲ တစ်ယောက်တည်း.....
YOU ARE READING
D ( 반 )
Fanfiction" လာဗန်ဒါတွေမှာလဲ ရွေးချယ်ခွင့်ရှိသင့်တယ်မလား.... ဘယ်သူ့ကို နမ်းရှိုက်ခွင့်ပေးချင်လဲဆိုတာ..." "..." " ဒီအတိုင်း ကြည့်ရုံပဲ ကြည့်နေတဲ့သူနဲ့ ခနခနလာနမ်းရှိုက်တဲ့သူနဲ့ဆို သူဘယ်သူ့ကို ရွေးမယ်လို့ ထင်လဲ..." " ဆောနူသာ သူ့နေရာမှာဆိုရင်ရော..."