3

961 169 12
                                    

[UNICODE]



“ ကိုယ့်ကို ခေါင်းသုတ်ပေး ”

ဆိုဖာပေါ် ထိုင်ပြီး ဖုန်းသုံးနေရင်း ကြားလိုက်ရတဲ့ အသံကြောင့် မော့ကြည့်လိုက်သည် ။
ဖုန်းသုံးနေတာထက် ဆောင်းဟွန်းရဲ့ article တစ်ချို့ကို လိုက်ဖတ်ကြည့်နေတာ......

သဘက်ကို သူ့ပေါင်ပေါ်တင်ပြီး ကျောပေးကာ ထိုင်လိုက်တဲ့ ဆောင်းဟွန်း......
မသုတ်ပေးဘူး လို့ သူ့မှာ အထွန့်တက်နိုင်စရာ မရှိ...
အမှန်တကယ် dryer နဲ့ မှုတ်လို့ရပေမဲ့ ဆံပင်ပျက်စီးမယ် ဆိုပြီး သူပြောလိုက်ကတည်းက စကားနားထောင်ပြီး အခုထိ ခေါင်းလျော်ပြီးတိုင်း သူပဲ ဒိုင်ခံသုတ်ပေးရသည် ။

ဆံပင်‌ေပျာ့‌ေပျာ့‌ေလးကို ဖွဖွလေးကိုင်ပြီး သုတ်ပေးတော့ ဆရာသမားက မျက်လုံးမှိတ်ပြီး ငြိမ်ခံနေလေသည် ။



ခပ်သဲ့သဲ့ရသော လာ‌ဗင်ဒါပန်းနံ့.......

ဘယ်ကရတာလဲ.......

လွန်ခဲ့တဲ့ သုံးရက်လောက်က သူ့ကို ဓာတ်ပုံခိုးရိုက်တဲ့ ကောင်လေးရဲ့ပုံစံ မျက်စိထဲ ၀င်လာတော့ ခေါင်းကိုခါထုတ်လိုက်သည် ။
လာဗင်ဒါနဲ့ အဲ့ကောင်လေးနဲ့ ဘာဆိုင်လို့လဲ.....


ခေါင်းသုတ်နေရင်း ရပ်သွားလို့ ဖြစ်မည်...ဆောင်းဟွန်းက သူ့ပေါင်ပေါ် ခေါင်းလှန်တင်ရင်း သူ့မျက်နှာကို မော့ကြည့်လေသည် ။

“ ဘာလို့ရပ်သွားတာလဲ ”

“ ဘာမှမဟုတ်.... အဟွတ် အဟွတ် ”

ချောင်းဆိုးတာနဲ့ ချက်ချင်းထပြီး နဖူးပေါ်လက်လာတင်လေသည် ။

“ ဆောနူ နေမကောင်းဘူးလား ”

“ ထိုင်စမ်းပါ ခေါင်းသုတ်လို့ မပြီးသေးဘူးလေ ”

ပြောတာနားမထောင်ပဲ အခန်းထဲ ၀င်ပြီး ခနကြာတော့ hoodie တစ်ထည်ကို လက်မှာကိုင်လျက် ထွက်လာလေသည် ။

“ ရော့ ဒါ၀တ်ထား
ဆောနူ နေမကောင်းဖြစ်ရင် ကိုယ့်အလုပ်တွေ ကြံ့ကြာနိုင်တယ်လေ ”

ပြောပုံက အမြင်ကတ်စရာကောင်းလှ‌ေပမဲ့
အခု ဘယ်သူ့ကြောင့် ချောင်းဆိုးနေတာလဲ လို့ ပြန်တော့ မမေးဖြစ်....ကမ်းပေးတဲ့ ပန်းရောင် hoodie ကို ကောက်စွပ်လိုက်သည် ။
ဆောင်းဟွန်း စိတ်ကောက်ရင် သူဒီည လမ်းမမှာ အိပ်ဖို့ ဖြစ်သွားနိုင်သည် ။

D ( 반 )Where stories live. Discover now