5

908 165 23
                                    

[ UNICODE ]


“ ကျစ် ”

မပြောမဆိုဖြင့် နေသာနေရာကနေ ချက်ချင်း ရွာချလာတဲ့ မိုးစက်တွေကြောင့် ကျစ်သပ်မိသည် ။ ပါရီရဲ့ ရာသီဥတုက အမြဲ ဒီလိုပုံစံဆိုတာ သိရက်နဲ့ ထီးမယူလာတဲ့ သူ့ကိုယ်သူ အလိုမကျဖြစ်ခြင်း.....
ကော်ဖီဆိုင်ကနေ သူ့အတွက် black coffee နဲ့ ဆောင်းဟွန်းအတွက် vanilla latte တစ်ခွက်ကို ယူပြီး ပြေးထွက်လာလိုက်သည် ။

ပုံမှန်အခြေအနေသာဆို မိုးစက်တွေကို လက်‌ဖဝါးဖြင့် ခံယူရင်း ကော်ဖီသောက်နေမိလောက်သော်လည်း ဆောင်းဟွန်းရဲ့ personal photographer လုပ်ပြီးကတည်းက သူ့အချိန်တွေအားလုံးကို ထိုလူကို ပေးထားရသလို ဖြစ်သွားသည် ။

ပြီးတော့ ဒီသုံးလထဲမှာ ဘာထူးခြားလာလဲဆိုတော့ သူ့မှာ ကိုယ်ပိုင် studio တစ်ခုရှိလာပြီလေ....ပြီးတော့ ဆောနူနဲ့ အခြေအနေက အင်း......တိုးတက်လာတယ်လို့ ပြောရမှာပေါ့ ။

“ အရေးထဲ ထီးယူလာဖို့ မေ့သွားတယ် ”

အပေါ်၀တ် coat ကို ခေါင်းပေါ်က ခြုံရင်း ဆောင်းဟွန်းအိမ်သို့ သွားရန် taxi တစ်ခုပေါ် မြန်မြန်တက်လိုက်သည် ။

♪♪♪♫︎♫︎♫︎

Driver ကို သွားရမယ့် နေရာကို ပြောအပြီး ဖုန်းသံမြည်လာတာကြောင့် ကြည့်လိုက်တော့ ခေါ်တဲ့သူက ဆောနူ....

မိုးရေကြောင့် အနည်းငယ်စိုနေသော ဆံပင်ကို လက်ဖြင့် ခနဖွရင်း ဖုန်းကိုင်လိုက်သည် ။

“ ပြော ဆောနူ ”

“ နီခီ လာနေပြီလား ”

“ အင်း ကျွန်တော် လာနေပြီ ”

“ မလောနဲ့ ဂရုစိုက်ပြီး လာနော်
မနက်စာစားပြီးပြီလား??
မစားရသေးဘူးထင်တယ် အကို strawberry toast ပြင်ထားပေးမယ်နော် ”

သူကိုယ်တိုင် မေးပြီး သူကိုယ်တိုင် ပြန်ဖြေသွားတဲ့ ဆောနူကြောင့် တစ်ချက်ပြုံးမိသွားသည် ။

ချစ်စရာကောင်းလိုက်တာ....

သူ့ကို နောက်ကြည့်မှန်က တစ်ဆင့် စူးစမ်းသလိုလှမ်းကြည့်နေတဲ့ ဒရိုင်ဘာဦးလေးကြီးကို ပါးစပ်လှုပ်ရုံပြောလိုက်သည် ။

D ( 반 )Where stories live. Discover now