အပိုင်း ၁

711 32 2
                                    

                                အပိုင်း ၁

        “ကိုးထက်သွင် မင်းတော့မြွေကိုက်ပြီပဲ”

         နွေအကုန် မိုးအကူးကာလဖြစ်သည်မို့ ညနေခင်း၏ ရာသီဥတုသည်  အုံ့မှိုင်းအေးမြပြီး  အလွန်သာယာလှပသည်။ ရုံဆင်းချိန် အိမ်ပြန်ရမည့်အချိန်တိုင်း ထူးထူးခြားခြား ရာသီဥတု ကောင်းမွန်နေတတ်ပါ၏။

သို့သော် အရင်နေ့များနှင့်မတူ။ ထူးခြားစွာ ပိုမိုသာယာ ကောင်းမွန်နေသည်မှာ တစ်ပတ်ကျော်ကျော် ရှိပြီဖြစ်သည်။ သာယာ လှပလိုက်သည်က  ပတ်ဝန်းကျင်တစ်ခုလုံး အရောင်အဝါများ ထွက်နေသည်ဟုပင် ဆိုရမလို။

ရုံးအဆောက်အဦး အတွင်းရှိ မိန်းမပျို‌လေးများသည်ကား ပြတင်းပေါက်တစ်ခုဘေးတွင် စုပြုံလျက် အပြင်ဘက်သို့ ငေးမောကြည့်ရှုကြရင်း  တစ်ယောက်တစ်ပေါက် အမျိုးမျိုး ရေရွတ်နေကြသည်။

“ဝိုး ချောလိုက်တာ ကြည့်စမ်း "

“ဟယ် ဒီဘက်ကို လှန်းကြည့်လိုက်တယ် မြင်လိုက်လား”

“ဒါနဲ့ဆို တစ်ပတ်ကျော်နေပြီဟဲ့ လာလာစောင့်နေတာ ဘယ်သူ့ဆီလာတာလဲမသိနော် ကောင်မလေးတွေ မလျှိုထားနဲ့ ပြောကြဦးတော့”

“ကောင်လေးကြည့်ရတာ တက္ကသိုလ်ကျောင်းသားထင်တယ်နော် တော်တော်ငယ်သေးမဲ့ပုံ”

“ဒီလို ကောင်လေးက လာစောင့်ပေးရလောက်အောင် ကံကောင်းတဲ့အချောအလှလေးက ဘယ်သူတုန်း သိချင်နေပြီဟယ်”

မှန်ပါသည် ။ ထို့ကဲ့သို့ အမျိုးသမီးထုကြီး၏ ညနေခင်း ရုံးဆင်းချိန်အခါသမယ၌ ပတ်ဝန်းကျင်၏ ရာသီဥတုကို အလွန့်အလွန် ကောင်းမွန်သွားအောင် စွမ်းဆောင်နိုင်သူမှာ ရုံးအပြင်ဘက်က ကောင်လေး တစ်ယောက်ကြောင့်သာ ဖြစ်ပေသည်။ ရုပ်ရည်ရူပါကာအားဖြင့်ရော သန့်ပြန့်သောဝတ်စားပုံကြောင့်ပါ ကိုယ်ရောင်ကိုယ်ဝါများ လင်းလက်တောက်ပနေလိုက်သည်က ယနေ့ခေတ်စကားဖြင့် ဗိုလ်လိုမှုတ်ရမည်ဆိုလျှင်  handsome, cool, attractive ,.... စသည်ဖြင့် ပြောမကုန်နိုင်လောက်ပေ။

ထိုလူရွယ်သည် ငယ်ရွယ်သည်။ သန့်ပြန့်သည်။ ဝတ်ပုံစားပုံနှင့် အဆင်းသဏ္ဌာန်က ပျိုတိုင်းကြိုက်ချင်သည့် နှင်းဆီခိုင်ပမာ။ လုံမပျိုလေးတို့ ပြတင်းပေါက်က ထွက်ငေးရအောင် ဆွဲဆောင်နိုင်သည့် ထိုကောင်လေးက ရုံးအပြင် အဝင်ဝမှာ စတိုင်ကျကျ ထိုင်နေသည်။ ခေါင်းလေးမော့လိုက်ကာ လည်ပင်းရှည်ထွက်မတတ် လှမ်းကြည့်နေသည့် သူ့ပုံက တစ်စုံတစ်ယောက်ကို စောင့်နေ၊မျှော်နေသည့်ဟန်။

To my Special one  [Completed] Where stories live. Discover now